Pages

Pages - Menu

Friday, January 10, 2014

အမေရိကန်ဗိုလ်မှူးကြီးဟောင်း ကားကို အိမ်လုပ်နေရ

Photo: အမေရိကန်ဗိုလ်မှူးကြီးဟောင်း ကားကို အိမ်လုပ်နေရ
Friday, January 10, 2014

ကမ္ဘာ တစ်ဝန်းတိုက်ပွဲများစွာ ဆင်နွှဲ ဖူးပြီး တစ်ချိန်က ထိပ်တန်းဗိုလ် ချုပ်ကြီးတစ်ဦး၏ အထူးလက် ထောက်ဖြစ်ခဲ့သူ အမေရိကန် စစ်ပြန်ကြီးတစ်ဦးသည် အလုပ် တစ်ခုမျှရှာမရသေးသဖြင့် ၎င်းင်း ၏ဗင်ကားကို အိမ်လုပ်နေရသည် ဟု သိရသည်။

သို့သော်လည်း မကြိုးစား သဖြင့် အလုပ်မရခြင်းမဟုတ်ဟု ဆိုသည်။ အသက် ၅၉နှစ်အရွယ် ရှိ အိုးမဲ့အိမ်မဲ့ဗိုလ်မှူးကြီးဟောင်း ရောဘတ်ဖရင်နီးယားက ၎င်းင်း ၏ဇာတ်လမ်းကို Philly.com သို့ပြောကြားခဲ့ပြီး ၎င်းင်းတွင် ထူး ခြားကောင်းမွန်သော အကိုး အကားများနှင့် ဘွဲ့ဒီဂရီ သုံးခု ပိုင်ဆိုင်ထားသော်လည်း အ စောင့်အလုပ်ကလေးတောင် မရဘူးလားဟု လူများကမေး ကြသည့်အခါ ထိုအလုပ်ရရှိဖို့ ကြိုးစားဖူးသည်ဟု ၎င်းင်းက ပြော ကြားခဲ့သည်။ ယခုအခါ ဗိုလ် မှူးကြီးဟောင်းသည် ပင်ဆယ်လ် ဗေးနီးယားပြည်နယ် King of Prussia တွင် ပိုင်ဆိုင်မှုအား လုံးနှင့်အတူ ၎င်းင်း၏ ဗင်ကားထဲ တွင် နေထိုင်လျက်ရှိသည်။

စစ်တပ်ပင်စင်မှ တစ်နှစ် လျှင် ဒေါ်လာ၄၀၀၀၀ရရှိသော် လည်း လွန်ခဲ့သည့်နှစ်နှစ်က ဇနီးဖြစ်သူနှင့်ကွာရှင်း၊ လေတပ် မှ အငြိမ်းစားယူကတည်းက အကြေးများပိနေခဲ့သည်ဟု ၎င်း Philly.com သို့ ပြောကြား ခဲ့သည်။ ဗိုလ်မှူးကြီးဟောင်းသည် ဆိုမာလီယာ၊ ပနားမား၊ ဟေတီ နှင့် ကူဝိတ်တို့တွင် စစ်ဘက်တာ ၀န်များထမ်းဆောင်ခဲ့ပြီး ၂၀၀၃ နှင့် ၂၀၀၅ခုနှစ်အတွင်း အာဖ ဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ၏တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး စတန်လေမက်ခရစ္စကယ်၏ အထူးလက်ထောက်အဖြစ် လုပ် ကိုင်ခဲ့ဖူးသည်။ 

ဗိုလ်မှူးကြီးဟောင်းသည် နိုင်ငံရေးသိပ္ပံ၊ ပြစ်မှုဆိုင်ရာတရား ရေးအပါအ၀င် အမျိုးသားလုံ ခြုံရေးနှင့် မဟာဗျူဟာလေ့လာ မှုတို့တွင် မာစတာဘွဲ့သုံးဘွဲ့ ရရှိထားသူဖြစ်သည်ဟု သိရ သည်။

Yangon Media Group

RangonNewsDaily:: January . 10 .2014
ကမ္ဘာ တစ်ဝန်းတိုက်ပွဲများစွာဆင်နွှဲဖူးပြီးတစ်ချိန်ကထိပ်တန်းဗိုလ် ချုပ်ကြီးတစ်ဦး၏ အထူးလက် ထောက်ဖြစ်
ခဲ့သူ အမေရိကန် စစ်ပြန်ကြီးတစ်ဦးသည်အလုပ်တစ်ခုမျှရှာမရသေးသဖြင့် ၎င်းင်း ၏ဗင်ကားကို အိမ်လုပ်နေ
ရသည် ဟု သိရသည်။

အသက် ၁၃ နှစ်အရွယ် ၆တန်းကျောင်းသားတစ်ဦးကြိုးဆွဲချသေဆုံးမှု တောင်တွင်းကြီးမြို့ ၌ဖြစ်ပွား

RangonNewsDaily:: January . 10 .2014
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်--- ကျေးရွာတွင် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေ

ဆုံးကြောင်း သတင်း ရရှိသည်။ဖြစ်စဉ်မျာ ၈.၁.၂၀၁၄ ရက် နံနက် ၁၀ နာရီအချိန်ခန့် တောင်တွင်းကြီးမြို့မ ရဲစခန်းပိုင် ရဲစခန်းအရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ ---- ကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေ
 ကြောင်း သတင်းအရခေတ္တစခန်းမှူးရဲအုပ်စိုင်းထွန်းကျော်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်သတ်သေ ဦးသန်း
ဝင်းအောင်၊ ဦးစိုင်းစိုးဝင်း တို့နှင့် အတူသွားရောက်စစ်ဆေး ရာသေဆုံးသူမှာ

တစ်လ ချောကလတ် ၃ ကြိမ်၊ အသက် တစ်နှစ်ပိုရှည်

Photo: တစ်လ ချောကလတ် ၃ ကြိမ်၊ အသက် တစ်နှစ်ပိုရှည်
Friday, January 10, 2014

တစ်လကို ချောကလတ် ၃ ကြိမ် ပုံမှန်စားသုံးခြင်းကို လူ့အသက်ကို တစ်နှစ် ပိုရှည်စေတယ်လို့ ဆေးပညာ မှတ်တမ်းများအရ ရေးသားဖော်ပြ ကြပါတယ်။
ရက် ၃၀ အချိန်အတွင်းမှာ ချောကလပ် စားသုံးမှု ၃ ကြိမ်ပြုလုပ်ပြီး တစ်ကြိမ် တိုင်း မှာ စားတဲ့ ပမာဏကလည်း ပုံမှန်စားသုံးတဲ့ ပမာဏ တစ်ခုသာ ရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ 

Radical လို့ခေါ်တဲ့ ဆဲလ်ကို ဖျက်ဆီးပြီး ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တို့ မွေးဖွားနှုန်းကို လျော့ချပေးပြီး မကောင်းတဲ့ ကိုလက်စထရောများ ကိုယ်တွင်းမှာ ဖွဲ့စည်းခြင်းဟာ ဖြစ် မလာအောင် တားဆီး ကာကွယ် ပေး ပါတယ်။ ဒါကြောင့်မို့ ချောကလတ် ပုံမှန်စားသုံးခြင်း က ကျန်းမာရေးနဲ့ ညီညွတ်ရခြင်း ဖြစ်ပါတယ်။

ချောကလတ် အနက်ရောင် စားသုံးခြင်းက အသက်ပိုရှည်စေတဲ့ အပြင် ကိုယ်ခံအားပါ ကောင်းမွန်စေ ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 10 .2014
တစ်လကို ချောကလတ် ၃ ကြိမ် ပုံမှန်စားသုံးခြင်းကို လူ့အသက်ကို တစ်နှစ် ပိုရှည်စေတယ်လို့ ဆေးပညာ မှတ်တမ်းများအရ ရေးသားဖော်ပြ ကြပါတယ်။

Miley Cyrus နဲ့အလုပ်တွဲလုပ်ဖို့ငြင်းဆန်လိုက်တဲ့ဓာတ်ပုံဆရာ

Photo: Miley Cyrus နဲ့အလုပ်တွဲလုပ်ဖို့ငြင်းဆန်လိုက်တဲ့ဓာတ်ပုံဆရာ
Friday, January 10, 2014

Fashion campaign တစ်ခုမှာ Fashinon ဒီဇိုင်နာ Marc Jacobs ရဲ့ဓာတ်ပုံဆရာက Miley Cyrus ကိုဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ဇန်န၀ါရီလ ၈ ရက်နေ့မှာ fashion ကုမ္ပဏီတစ်ခုရဲ့ ၂၀၁၄ နွေဦး collection အတွက်မျက်နှာသစ်မော်ဒယ်အဖြစ် Miley Cyrus ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ Twitter စာမျက်မှာပေါ်မှ David Sims ရိုက်ပေးထားတဲ့ခပ်ကြမ်းကြမ်း ဓာတ်ပုံတွေတက်လာပါတယ်။

သူနဲ့ကာလရှည်ကြာလက်တွဲခဲ့တဲ့ဓာတ်ပုံဆရာ Juergen Teller ကဓာတ်ပုံရိုက်ပေးဖို့ငြင်းဆန်လိုက်တဲ့အတွက် Sims ကိုတာဝန်ပေးလိုက်ရတာဖြစ်ကြောင်း Jacobs ကပြောပါတယ်။

"ကျွန်တော် Juergen နဲ့နှစ်ပေါင်းများစွာ အတူတူအလုပ်လုပ်လာတာပါ။ ကျွန်တော် သူ့ကိုအနုပညာသမားတစ်ယောက်အဖြစ်နှစ်သက်ပါတယ်။ သူက Miley ကိုဓာတ်ပုံမရိုက်ချင်လို့ပါ"လို့ Jacobs ကပြောပါတယ်။

သူ့ဓာတ်ပုံဆရာက ငြင်းဆန်ပေမယ့်လဲ Jacobs ကတော့ Miley Cyrus နဲ့အလုပ်လုပ်ရတာကိုနှစ်သက်တယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့သူမနဲ့သူမနဲ့ပါတ်သတ်တာမှန်သမျှကို ကြိုက်နှစ်သက်ပါတယ်။ သူမရဲ့ပါရမီ၊ ဥာဏ်ပညာနဲ့ အရာအားလုံးကိုပါ။ သူမနဲ့ပါတ်သတ်ပြီးကျွန်တော်မကြိုက်တာဘာမှမရှိပါဘူး။ သူမဟာအရမ်းစစ်မှန်ပြီး သဘာဝကျပါတယ်” လို့ Jacobs ကပြောပါတယ်။

Ref:starpulse
ွှTrend Myanmar

RangonNewsDaily:: January . 10 .2014
Fashion campaignတစ်ခုမှာFashinonဒီဇိုင်နာ Marc Jacobs ရဲ့ဓာတ်ပုံဆရာက Miley Cyrus ကိုဓာတ်ပုံရိုက်
ပေးဖို့ငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ဟားခါးတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရန် ခက်ခဲမှုကို အစိုးရရှင်းချက်ထုတ်

RangonNewsDaily:: January . 10 .2014
ဒေါ်အောင်ဆန်းစုကြည်၏ချင်းပြည်နယ်ခရီးစဉ်အတွင်းဟားခါးမြို့တွင်တည်းခိုရန်အခက်အခဲရှိခဲ့သည့် အခြေ

အနေနှင့် ပတ်သက်၍ အစိုးရက ဇန်နဝါရီ ၁၀ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစု
ကြည်၏ ဟားခါးခရီးစဉ်တွင်ယခင်ကအစိုးရအကြီးအကဲများ တည်းခိုသည့် ပြည်ထောင်စုရိပ်သာတွင် တည်း
ခိုရန် စီစဉ်ထားသော်လည်းချယ်ရီတည်းခိုခန်းတွင်တည်းခိုလိုက်ရကြောင်းမီဒီယာများတွင် ရေးသားဖော်ပြ
ချက်များကို ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ တစ်ဆင့် ရှင်းလင်းလိုက်ခြင်း
ဖြစ်သည်။

သမ္မတဖြစ်ခွင့် ပြင်ဆင်ရေးဟာ အားလုံးအတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: သမ္မတဖြစ်ခွင့် ပြင်ဆင်ရေးဟာ အားလုံးအတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, January 10, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မှာ ပြဋ္ဌာန်းထားတဲ့ သမ္မတဖြစ်ပိုင်ခွင့် ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုတာဟာ မိမိသမ္မတဖြစ်ရေး၊ မဖြစ်ရေးထက် ပြည်သူအားလုံး တန်းတူအခွင့်အရေး ရရှိဖို့ပြောဆိုနေတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးမလား လူထုတွေဆုံပွဲမှာ ပြောဆိုခဲ့တာပါ။ ပရိတ်သတ်တစ်ဦးက ပုဒ်မ ၅၉ (စ)ကို ပြင်မပေးဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်မှာကို စိုးရိမ်တယ်လို့ မေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။

“ကျမ သမ္မတဖြစ်ရေး မဖြစ်ရေးဟာ အဓိကမဟုတ်ပါဘူး၊ ပြည်သူလူထု အားလုံးကနေပြီးတော့မှ တန်းတူရည်တူ သမ္မတဖြစ်နိုင်မယ့် အခွင့်အရေးရရှိရေးဟာ အဓိကဖြစ်ပါတယ်၊ ကျမလည်း ပြည်သူလူထုထဲက တစ်ယောက်အနေနဲ့ တန်းတူရည်တူ သမ္မတဖြစ်ဖို့ အခွင့်အရေး ရရှိသင့်ပါတယ်”

ဒါ့အပြင် လူငယ်တွေလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သိရှိအောင် လေ့လာကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့စဉ်ကတည်းက ပါတီရဲ့ရည်မှန်းချက်အဖြစ် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ဦးတည်ချက် ၃ ရပ်ကို ကိုင်စွဲပြီး ရပ်တည်နေတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA

RangonNewsDaily:: January . 10 .2014
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မှာ ပြဋ္ဌာန်းထားတဲ့ သမ္မတဖြစ်ပိုင်ခွင့် ကန့်သတ်ချက်တွေကို ပယ်ဖျက်
လိုတာဟာမိမိသမ္မတဖြစ်ရေး၊မဖြစ်ရေးထက် ပြည်သူအားလုံးတန်းတူအခွင့်အရေးရရှိဖို့ပြောဆိုနေတာဖြစ်
ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

Super Junior အဖွဲ့မှ အဆိုတော် လီထိုက် စစ်မှုထမ်းနေစဉ် ဖခင်ဖြစ်သူနှင့် အဘိုးအဘွားများ ယာဉ်မတော်တဆ မှုဖြင့် ကွယ်လွန်

Photo: လီထိုက် စစ်မှုထမ်းနေစဉ် ဖခင်ဖြစ်သူနှင့် အဘိုးအဘွားများ ယာဉ်မတော်တဆ မှုဖြင့် ကွယ်လွန်
Thursday, January 9, 2014

Super Junior အဖွဲ့မှ အဆိုတော် လီထိုက်သည် ၄င်းစစ်မှုထမ်း နေစဉ် ဇန်နဝါရီ ၆ ရက်က ၄င်း၏ဖခင်နှင့် အဘိုး၊ အဘွားတို့သည် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။

လီထိုက်နှင့် သူ၏ မိသားစုသည် ကြေကွဲဝမ်းနည်းဖွယ် အဖြစ်ဆိုးအတွက် မယုံနိုင်လောက် အောင်ခံစား နေရကြောင်း၊ လီထိုက်သည် အသုဘ အခမ်းအနား တက်ရောက်ရန် အတွက် ဆေးရုံသို့ အမြန်ဆုံး ပြန်လာခဲ့ရကြောင်း Super Junior အဖွဲ့၏ အနုပညာ အေဂျင်စီ ဖြစ်သော SM အေဂျင်စီက ပြောကြားခဲ့သည်။

Super Junior အဖွဲ့ဝင် များကလည်း သူငယ်ချင်း ဖြစ်သူ၏ ဝမ်းနည်းကြေကွဲဖွယ် အခြေအနေ တွင် အတူရှိနေ ပေးရန် ၄င်းတို့၏ အနုပညာ အလုပ်များကို ခေတ္တနား ထား ရကြောင်း သိရသည်။

လီထိုက်၏ အနုပညာ ညီအစ်ကို မောင်နှမများနှင့် ၄င်းကို ချစ်ခင်သူ ပရိသတ်များက လီထိုက်နှင့် ထပ်တူ ဝမ်းနည်းကြောင်း စာလွှာများနှင့် ၄င်းကို အားပေးစကား ပြောကြား ထားသော စာလွှာများကို Super Junior အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် လာရောက်ရေးသား ကြကြောင်း သိရသည်။

လီထိုက်၏ ဖခင်နှင့် အဘိုးအဘွားများ၏ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ဖြစ်ရိုးဖြစ်စဉ် ဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: January . 10 .2014
Super Junior အဖွဲ့မှ အဆိုတော် လီထိုက်သည် ၄င်းစစ်မှုထမ်း နေစဉ် ဇန်နဝါရီ ၆ ရက်က ၄င်း၏ဖခင်နှင့် အဘိုး၊ အဘွားတို့သည် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Photo: လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ
Friday, January 10, 2014

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ခန့်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှုကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာတကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ ဒီနေရာဟာ မြေလွတ်မြေရိုင်းမဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ်လို့။ ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါဘူး”  ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့် ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့် တိုင်းအဆင့်အထိ တင်ပြထားကြောင်း၊ လက်ရှိတွင် ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦးဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
Eleven Media Group
ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
RangonNewsDaily:: January . 10 .2014
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေး
ဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်
အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဝန်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန်

Photo: ၀န်ထမ်းတွေ လူထုစည်းဝေးပွဲ မသွားဖို့ တားမြစ်မှု ဒေါ်စုဝေဖန်
Friday, January 10, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာအကြီးအကဲတွေက သူတို့ရဲ့ ၀န်ထမ်းတွေကို  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် ညွှန်ကြားခဲ့တယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီကနေ့ မနက်က ကျင်းပတဲ့ ဟားခါးမြို့ လူထုတွေ့ဆုံပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ညွှန်ကြားတာဟာ လူအခွင့်အရေးချိုးဖောက်တာဖြစ်ပြီး လွှတ်တော်မှာ တင်ပြအရေးယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောဖို့နဲ့ လူထုသဘောထား ရယူဖို့အတွက် ချင်းပြည်နယ်ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မနေ့ညနေ ၅နာရီလောက်က ဟားခါးမြို့ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက် ၈နာရီကနေ ၁၀နာရီအထိ ဟားခါးမြို့အားကစားကွင်းမှာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေက ညွှန်ကြားခဲ့ကြောင်းကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

"မနေ့က ဝန်ထမ်းတယောက်က ကျနော့်ကိုပြောတယ်။ သူက ကျောင်းဆရာမပေါ့။ သူတို့ကျောင်းဆရာတွေဆီကို ဖုန်းဆက်တယ်။ ဖုန်းလာတယ်။ ဝန်ထမ်းတွေပေါ့။ လူထုရဲ့ကြိုဆိုပွဲနဲ့ စကားပြောတဲ့ တွေ့ဆုံပွဲမှာ မသွားရဘူး။ ဝန်ထမ်းတွေမှာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း ရှိတယ်။ နိုင်ငံရေးနဲ့မပါတ်သက်ရဘူး။ မသွားရဘူး။ သွားလို့ရှိရင်အရေးယူမှာပေါ့။ အဲ့လိုပြောတယ်။"

ဒီလိုတားမြစ်ထားတဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကို လွှတ်တော်အထိ တင်ပြပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်းဖြစ်၊ ဟားခါးခရိုင်ဥက္ကဌလည်းဖြစ်တဲ့ ဦးဝှက်ချွန်းက ပြောပါတယ်။

" ဝန်ထမ်းတချို့က အခမ်းအနားမတက်ဘူး။ ဆွေးနွေးပွဲမသွားဘူး။ အထက်ကနေ တားတယ်ဆိုတဲ့ဟာကို သူကကြားတယ်။ အဲ့တာကိုကြားတဲ့အတွက် ဒါ အခြေခံဥပဒေ ရှင်းလင်းပွဲပဲ။ ပါတီနိုင်ငံရေးနဲ့ မဆိုင်ဘူး။ NLD ပါတီဝင်ပါလို့ စည်းရုံးတာမဟုတ်ဘူး။ အခြေခံဥပဒေအတွက်ပဲ။ အစိုးရ တာဝန်လည်းဖြစ်တယ်။ ဒါ NLD တာဝန်လည်းဖြစ်တယ်။ အထက်ကနေ တားတယ်ဆိုတဲ့ဥစ္စာက လူ့အခွင့်အရေး ပိတ်ဆို့တာပဲဖြစ်တယ်။ အဲ့တာကို သူစုံစမ်းပြီးမှ  လွှတ်တော်အထိကို တက်မယ်။ အဲ့တာ အနှောင့်အယှက်ပေးတဲ့ ဌာနကို အတိအကျစာရင်းပေးပါ။ အရေးယူမယ်ဆိုပြီး သူအဲ့လိုပြောတယ်။"

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖလမ်းမြို့ကို ရောက်ရှိစဉ်မှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဖို့၊ လူထုတွေ့ဆုံပွဲ ကိုလည်း ဌာနဆိုင်ရာဝန်ထမ်းတွေကို မတက်ရောက်ဖို့ တားမြစ်ခဲ့တယ်လို့ ဦးဝှက်ချွန်းက ပြောပါတယ်။

ဟားခါးမြို့မှာ ဒီလို တားမြစ်တာရှိ- မရှိနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူတဦးက အခုလို ဖြေဆိုပါတယ်။

" မသိဘူးဗျ။ ကျနော်တို့ ဘာမှ မသိရဘူး။"

ဒီကနေ့ ဟားခါးမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲကိုတော့ လူပရိတ်သတ် ၂ထောင်လောက် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီခေါင်းဆောင် ဦးထွန်းထွန်းဟိန်၊ ဦးဌေးဦးတို့ကလည်း ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး လူထုသဘောထားကောက်ယူရာမှာ တက်ရောက်လာသူရဲ့ ၉၀ရာနှုန်းကျော်က ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေး ထက် ပြင်ဆင်ရေး ကို ထောက်ခံကြောင်း လက်ထောင်ပြီး သဘောထား ထုတ်ဖော်ခဲ့ပါတယ်။
ဟားခါးလူထု တွေ့ဆုံပွဲပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ပြန်လည်ထွက်ခွာခဲ့ပြီး မနက်ဖြန်မှာတော့ ကလေးမြို့မှာ လူထုတွေ့ဆုံပွဲကျင်းပမှာ ဖြစ်ပါတယ်။

VOA

RangonNewsDaily:: January . 10 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်
ရာအကြီးအကဲတွေကသူတို့ရဲ့ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် မကြိုဆိုဖို့နဲ့ လူထုတွေ
ဆုံပွဲကို မတက်ရောက်ဖို့အတွက် ညွှန်ကြားခဲ့တယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အန္တရာယ်ရှိတယ်လို့ ကန်သတ်မှတ်တဲ့ အကျဉ်းသားတွေ အာဖဂန်ပြန်လွှတ်ဖို့ စီစဉ်

Photo: အန္တရာယ်ရှိတယ်လို့ ကန်သတ်မှတ်တဲ့ အကျဉ်းသားတွေ အာဖဂန်ပြန်လွှတ်ဖို့ စီစဉ်
Friday, January 10, 2014

အာဖဂန်နစ္စတန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့  လုံခြုံရေးအတွက် အန္တရာယ်ပေးနိုင်သူအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ အကျဉ်းသား ၇၂ ဦးကို  ပြန်လွှတ်ပေးဖို့စီစဉ်နေတယ်လို့ အာဖဂန်နစ္စတန် အရာရှိတွေက ပြောပါတယ်။

အခုလို ဆုံးဖြတ်တာဟာ အမေရိကန်နဲ့ အာဖဂန် ၂ ဘက်အစိုးရ တွေကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုဆိုးစေမယ်လို့ ခန့်မှန်းကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်တပ်တွေ ဆက်ပြီး ချထားရေးဆိုင်ရာ လုံခြုံရေး သဘောတူညီချက်ကို အာဖဂန်ဘက်က လက်မှတ်ရေးထိုးဖို့ ကြန့်ကြာနေတာနဲ့ ပါတ်သက်ပြီး ၂ နိုင်ငံဆက်ဆံရေး မပြေမလည်ဖြစ်နေတာပါ။

အာဖဂန်သမ္မတ Hamid Karzai ရုံးကထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာတော့ အကျဉ်းသား ၈၈ ယောက်ရဲ့ အမှုကို ပြန်လည်စစ်ဆေးရာမှာ  ၄၅ ယောက်အတွက် ဆိုးဆိုးဝါးဝါး အန္တရာယ်ပေးနိုင်တဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရပဲ  ၂၇ ယောက်အတွက်တော့ ရုံးတင်ပြီး တရားစွဲဖို့ရာ  သက်သေအထောက်အထား လုံလောက်မှု မရှိဘူးလို့ ဖေါ်ပြထားတာပါ။  ကျန် ၁၆ ယောက်ကတော့ အမှုရင်ဆိုင်ဖို့ ဆက်ပြီး ဖမ်းဆီးထားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပါတ်ထဲ  အာဖဂန်နစ္စတန် နိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တွေပါဝင်တဲ့ အဖွဲ့ကတော့  ဒီ Bagram အကျဉ်းထောင်မှာ ချထားသူတွေကို  ရုံးတင် တရားရင်ဆိုင်မှု မလုပ်စေပဲ လွှတ်ပေးလိုက်မယ် ဆိုရင် ၂ နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေလာနိုင်တယ်လို့ ပြောကြားခဲ့တာပါ။

ဒီ အကျဉ်းသား ၈၈ ယောက်ဟာ နိုင်ငံတကာ မဟာမိတ်တပ်သား ၆၀ ကျော်နဲ့ အာဖဂန်နိုင်ငံသား ၅၇ ယောက်တို့ အသတ်ခံရမှုတွေမှာ တာဝန်ရှိသူတွေလို့ အမေရိကန် အရာရှိတွေကပြောပါတယ်။

VOA
အာဖဂန်နစ္စတန် အကျဉ်းစခန်း။
အာဖဂန်နစ္စတန် အကျဉ်းစခန်း။
RangonNewsDaily:: January . 10 .2014
အာဖဂန်နစ္စတန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ လုံခြုံရေးအတွက် အန္တရာယ်ပေးနိုင်သူအဖြစ် အမေရိကန်ပြည်
ထောင်စုကသတ်မှတ်ထားတဲ့အကျဉ်းသား၇၂ ဦးကို ပြန်လွှတ်ပေးဖို့စီစဉ်နေတယ်လို့ အာဖဂန်နစ္စတန် အရာ
ရှိတွေက ပြောပါတယ်။

တူနီးရှားနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ဝန်ကြီးချုပ် နှုတ်ထွက်

Photo: တူနီးရှားနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ဝန်ကြီးချုပ် နှုတ်ထွက်
Friday, January 10, 2014

တူနီးရှားနိုင်ငံမှာ လတွေနဲ့ချီ ရှေ့တိုးမရဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့နဲ့ ကြားဖြတ်အစိုးရကို ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကြီးကြပ်ဖို့ဆိုတဲ့ အစီအစဉ်အတိုင်း ၀န်ကြီးချုပ် Ali Larayedh က ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။ သူ့ရဲ့ နှုတ်ထွက်စာကို သမ္မတ MOncef Marzouki ကို တင်ပြထားတဲ့အကြောင်း ၀န်ကြီးချုပ် Larayedh က ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။

ကြားဖြတ် ၀န်ကြီးချုပ် Mehdi Jomaa က သူ့နေရာမှာ အစားထိုး တာဝန်ယူ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေ ကို ကြီးကြပ်ဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင် တရပ်ကိုတော့ တူနီးရှားရဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ညီလာခံကနေ ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

တူနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူထု လှုပ်ရှားမှု တွေကြောင့် ၂၀၁၁ ခုနှစ်အတွင်း အီဂျစ်နဲ့ လစ်ဗျားနိုင်ငံတွေမှာပါ လူထု လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အထိ အာရပ် နွေဦး ဒီမိုရေစီရေးလှုပ်ရှားမှုတွေ ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရှင် Zine el-Abidine Ben Ali ကို ဖယ်ရှားခဲ့တဲ့ တူနီးရှားရဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမှာ အစ္စလာမ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ၊ အစ္စလာမ်အစွန်းရောက် အဖွဲ့တွေရဲ့ ပြဿနာတွေနဲ့ ဗျာများနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်တက်လာမယ့် တူနီးရှား နိုင်ငံရေး ခေါင်းဆောင်တွေ အတွက်တော့ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ တိုင်းပြည်ရဲ့စီးပွားရေး၊ လူနေမှုစရိတ် ကြီးမြင့်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရဖွယ် ရှိနေပါတယ်။

VOA
Tunisia ဝန်ကြီးချုပ် Ali Larayedh
Tunisia ဝန်ကြီးချုပ် Ali Larayedh
RangonNewsDaily:: January . 10 .2014
တူနီးရှားနိုင်ငံမှာလတွေနဲ့ချီ ရှေ့တိုးမရဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကိုအဆုံးသတ်နိုင်ဖို့နဲ့ ကြားဖြတ်
အစိုးရကိုဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကြီးကြပ်ဖို့ဆိုတဲ့ အစီအစဉ်အတိုင်း ၀န်ကြီးချုပ် AliLarayedh
က ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

ကျောင်းသူကို ကာယိနြေ္ဒပျက်အောင်လုပ်သည် ဆိုကာ ကျောင်းအုပ်ဆရာကြီးကို အမှုဖွင့်

RangonNewsDaily:: January . 10 .2014
စစ်ကိုင်းတိုင်းပုလဲမြို့နယ်အတွင်းရှိ မူလွန်ကျောင်း ယာယီကျောင်းအုပ်ဆရာက လေးတန်းကျောင်းသူ တစ်ဦး

ကို ကာယိနြေ္ဒပျက်ပြားအောင် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုဆိုကာ ချင်ပြစ်နယ်မြေ ရဲစခန်းသို့ ကာယကံရှင်
မိသားစုက ဒီဇင်ဘာ ၇ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်သည်။ ဖြစ်စဉ်မှာ အသက် ၁၃ နှစ်အရွယ် စတုတ္ထ
တန်းကျောင်းသူသည် မူလွန်စာသင်ကျောင်းရှိရာသို့ စာကျက် ရန် သူငယ်ချင်းများနှင့်အတူ ဒီဇင်ဘာလ ၂၄ ရက်က သွားရောက်ခဲ့ရာ ကျောင်းတွင် ထိုနေ့ည ၉

၂၀၄ ဘတ်စ်ကားပေါ်မှ ခါးပိုက်နှိုက်နှစ်ဦး ဖမ်းမိ

RangonNewsDaily:: January . 10 .2014
(၂၀၄) ယာဉ်လိုင်းပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရွှေဥ(ခ)တင်ရွှေဦး (ဘ) ဦးတင်

ရွှေ ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူနှင့် ရာဇာ(ဘ)ဦးတင်ရွှေ တွံတေးမြို့နယ်နေသူတို့ကို ပန်းဘဲ တန်းမြို့
နယ်၊ ကုန်သည်လမ်းနှင့် လမ်း(၃၀)ထိပ် ကားမှတ်တိုင်၌ ဇန်န၀ါရီ ၇ ရက်၊ မွန်းလွဲ ၃နာရီခန့်တွင် ဖမ်းမိခဲ့
သည်ဟု ရဲဇာနည်ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်

CES 2014 ပြပွဲကြီးတွင် စောင့်မျှော်ကြည့်ရှုရမည့် နောက်ဆုံးပေါ်ပစ္စည်းများ

RangonNewsDaily:: January . 10 .2014
Smart phones
စမတ်ဖုန်းများသည် PhoneDog.com တွင် ပထမဦးစားပေးစိတ်ဝင်စားဖွယ်နယ်ပယ်တစ်ခုဖြစ်လာ မည်မှာ မလွဲပေ။ သို့သော် ပြပွဲအတွင်း ထုတ်လုပ်သူများအားလုံးကမူ ၎င်းတို့၏ပစ္စည်းများအား ပြသ ကြမည်မဟုတ်

သော်လည်း ပြပွဲလာရောက်သူများအနေဖြင့် စိတ်ဝင်စားနိုင်မည့် တံဆိပ်အနည်းငယ် တော့ရှိနေသည်။