Pages

Pages - Menu

Friday, January 10, 2014

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Photo: လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ
Friday, January 10, 2014

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ခန့်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှုကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာတကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ ဒီနေရာဟာ မြေလွတ်မြေရိုင်းမဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ်လို့။ ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါဘူး”  ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့် ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့် တိုင်းအဆင့်အထိ တင်ပြထားကြောင်း၊ လက်ရှိတွင် ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦးဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
Eleven Media Group
ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
RangonNewsDaily:: January . 10 .2014
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေး
ဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်
အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိကျူးကျော်တဲ၂၀၀၀ ကျော်ခန့်မှာဒီဇင်
ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှု
ကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရ
ယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာ
တကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘဝ
လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ဒီနေရာဟာ မြေလွတ်
မြေရိုင်းမဟုတ်ဘူး။အိုးအိမ်ပိုင်ဖြစ်တယ်လို့။ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်
မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါ
ဘူး” ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့်ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့်တိုင်းအဆင့်အထိတင်ပြထားကြောင်း၊ လက်
ရှိတွင်ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့်ပုဂ္ဂလိကပိုင်များ ဖြစ်သော
ကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦး
ဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment