Pages

Pages - Menu

Sunday, January 5, 2014

အိန္ဒိယအာမခံကုမ္ပဏီ မြန်မာပြည်တွင်း ဝင်ရောက်မည်

RangonNewsDaily:: January . 5 .2014
အိန္ဒိယနိုင်ငံမှ ပုဂ္ဂလိက အထွေထွေအာမခံ ကုမ္ပဏီ တစ်ခုဖြစ်သည့် New India Assurance Company Ltd. က ပြည်တွင်းတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ G.Sriniva

san က ပြောကြားခဲ့သည်ဟု အိန္ဒိယမီဒီယာ များက ဖော်ပြသည်။ အဆိုပါကုမ္ပဏီ အနေနှင့် မြန်မာနိုင်ငံ အပါ
အဝင် ကနေဒါနှင့် ကာတာနိုင်ငံ တို့တွင်လည်း အာမခံလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေခြင်း ဖြစ်ပြီး လစဉ် ပုံမှန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄၀ ပတ်ဝန်းကျင် (မြန်မာငွေ နှစ်သိန်းနှစ်သောင်းခန့်) ရှိသူ ဝန်ထမ်း
များကို အဓိက ပစ်မှတ်ထားနေကြောင်း ၄င်းကဆိုသည်။

ရန်ကုန် ယူနိုက်တက် အသင်းတို့၏ တိုက်စစ်မှူး ကျော်ကိုကို မင်္ဂလာအခမ်းအနား ဇန်န၀ါရီ ၄ ရက်နေ့က ကျင်းပ

Photo

RangonNewsDaily:: January . 5 .2014
မြန်မာ့လက်ရွေးစင် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ တိုက်စစ်မှူး ကျော်ကိုကို၏ မင်္ဂလာအခမ်း
အနားအား ဇန်န၀ါရီ ၄ ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီးမှ မင်္ဂလာပန်းကုံး ဂုဏ်ပြုဆင်မြန်းပေးခဲ့သည်။

KNUနှင့် သမ္မတ၊ ကာချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

Photo: KNUနှင့် သမ္မတ၊ ကာချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ
Sunday, January 5, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNUတို့ ဇန်နဝါရီ ၅ရက် နံနက်ပိုင်းက နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။ 

သမ္မတနှင့် KNU တို့တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားများ၏ ဒုတိယအကြိမ်ညီလာခံဖြစ်သော ဇန်နဝါရီလ ၂၀ရက်တွင် ပြုလုပ်မည့် ဘားအံညီလာခံ အကြောင်း အပါအဝင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးရေး ကိစ္စရပ်များကိုပါ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။ 

KNUအဖွဲ့သည် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ 

သမ္မတနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးခင်ရီနှင့် ဦးစိုးသိန်းတို့လည်း ပါဝင်သည်။ 

Mizzima - News in Burmese 

ဓာတ်ပုံအညွှန်း >>> သမ္မတဦးသိန်းစိန်နှင့် KNUအဖွဲ့တို့ နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် ဇန်နဝါရီ ၅ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ- Hla Mg Shwe Facebook)

ဓာတ်ပုံအညွှန်း >>> သမ္မတဦးသိန်းစိန်နှင့် KNUအဖွဲ့တို့ နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် ဇန်နဝါရီ ၅ရက်က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ- Hla Mg Shwe Facebook)

RangonNewsDaily:: January . 5 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNUတို့ ဇန်နဝါရီ ၅ရက် နံနက်ပိုင်းက
နေပြည်တော်ရှိ လယ်တောအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိုအဓိကထား ဆွေးနွေးခဲ့ကြောင်းသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး
ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

မန္တလေးတိုင်း အကျဉ်းသား ၂၇၀၀ ကျော် လွတ်မြောက်

RangonNewsDaily:: January . 5 .2014
(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် ပြစ်ဒဏ် ကျခံနေသော အကျဉ်း

သားများအနက် နှစ်၄၀ အောက် ပြစ်ဒဏ်ချခံသူများကို ပြစ်ဒဏ်လေးပုံတစ်ပုံ လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်း
ချမ်းသာခွင့် ပြုခဲ့ရာမန္တလေးတိုင်းဒေသကြီး အတွင်းရှိ အကျဉ်းထောင် များနှင့် အကျဉ်းဦးစီးဌာန များတွင် ပြစ်
ဒဏ် အသီးသီးဖြင့် ကျခံနေသော အကျဉ်းသားများ၏ ပြစ်ဒဏ်လေးပုံတစ်ပုံ ခန့်လျှော့ချ၍ အကျဉ်းသားပေါင်း
၂၇၄၂ ဦး လွတ်မြောက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပုဂံ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး လုံခြုံရေးအင်အား ၁၀၀၀ ကျော် ချထားမည်

RangonNewsDaily:: January . 5 .2014
မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပထမဦးဆုံးအကြိမ် အဖြစ် ညောင်ဦးခရိုင် ပုဂံတွင် ကျင်း

ပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်လုံခြုံရေးအင်အား၁၀၀၀ ကျော် ချထားမည် ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

ဘန်ကောက်တွင်ထက်ထက်မိုးဦးလည်ပင်:ခွဲစိတ်ကုသမူခံယူ

Photo

RangonNewsDaily:: January . 5 .2014
အကယ်ဒမီထက်ထက်မိုးဦးသည်(ဇန်န၀ါရီ ၅ရက်နေ ) နေ့ လည်ပိုင်းကထိုင်းနိုင်ငံဘန်ကောက်Yunhee နိုင်ငံ
တကာ ဆေးရုံကြီးတွင်လည်ပင်:ခွဲစိတ်ကုသမူခံယူကြောင်းသိရသည်။

မချီးမြှင့်ဖြစ်သော အကယ်ဒမီသုံးဆုနှင့် ပတ်သက်၍ ရှင်းလင်းချက်ထုတ်ပြန်၊ အကဲဖြတ်မှု အားနည်းချက်များရှိက ပြင်ဆင်သွားမည်ဟုဆို

Photo: မချီးမြှင့်ဖြစ်သော အကယ်ဒမီသုံးဆုနှင့် ပတ်သက်၍ ရှင်းလင်းချက်ထုတ်ပြန်၊ အကဲဖြတ်မှု အားနည်းချက်များရှိက ပြင်ဆင်သွားမည်ဟုဆို
Saturday, January 4, 2014

၂၀၁၂ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဆု ကိုးဆုသာ ချီးမြှင့်ပြီး သုံးဆုကျန်ရှိနေခြင်းနှင့် ပတ်သက်၍ အကယ်ဒမီထူးချွန်ဆုအတွက် ဒုတိယအဆင့် စိစစ်အကဲဖြတ်ရေးအဖွဲ့က ဇန်န၀ါရီ ၂ရက်၌ ရှင်းလင်းချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆုများကို အကယ်ဒမီဆုပေးအပ်ရန် စိစစ်အကဲဖြတ်ရေး အဖွဲ့ဝင်အရေအတွက်ထက် ဆန္ဒမပြုသူ အရေအတွက်က ပိုများပြားနေသောကြောင့် အကယ်ဒမီဆု မချီးမြှင့်ခြင်းဖြစ်သည်ဟုဆိုသည်။

ရုံတင်ပြသခဲ့သော ရုပ်ရှင် ၁၇ ကား ကို အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့ဝင် ၁၇ ယောက် စိစစ်ကာ ခုနစ်ကား ရွေးချယ်ပေးခဲ့ပြီး ဒုတိယအဆင့် စိစစ်အကဲဖြတ်ရေး အဖွဲ့ဝင် ၁၇ ဦးက ဆုရဇာတ်ကားများကို
ရွေးချယ်ခဲ့သည်။

““ဒီနှစ်မှာ အကဲဖြတ်အဖွဲ့ဝင်တွေကို တစ်ခုမေးလိုက်တယ်။ ထိုက်တန်မှ ပေးမလား။ ဒီနှစ်အတွက် အကောင်းဆုံးကိုပေးမလားဆိုတော့ ထိုက်တန်မှပေးတာ ကောင်းပါတယ်ဆိုပြီး အကဲဖြတ် နှစ်ဖွဲ့လုံးက အဲဒီအသံထွက်တော့ ထိုက်တန်တဲ့ဆုကိုပဲ ပေးတာပါ။ အဲဒီသဘောဖြစ်သွားတာပေါ့””ဟု အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကပြောသည်။

ထူးချွန်ဆုရွေးချယ်ရာတွင် ပေးအပ်မည့်ဆု ၁၁ ဆုလုံးကို မဖြစ်မနေပေးရန်မလိုအပ်ဘဲ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အရည်အချင်းပြည့်မီပြီး ရသင့်ရထိုက်သူများကိုသာ မှန်မှန်ကန်ကန်ရွေးချယ်ပေးကြရန် မူတစ်ရပ်ချမှတ်ထားသည်။

အကယ်ဒမီထူးချွန်ဆုများ ရွေးချယ်ရာ၌ စိစစ်အကဲဖြတ်ရေး နှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းချက်များ၏ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်သွားမည်ဟု သိရသည်။

အကယ်ဒမီစည်းမျဉ်း၏ အားနည်းချက်များကို ပြင်ဆင်၍ ၂၀၁၃ ခုနှစ်အတွက် ရုံတင်ပြသခဲ့သော ဇာတ်ကားများထဲမှ အကောင်းဆုံးအကယ်
ဒမီထူးချွန်ဆုကို စတင်ရွေးချယ်ပေးသွားမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် အကယ်ဒမီရွေးချယ်ဆောင်ရွက်ခွင့်များကို
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပထမဆုံး ပြုလုပ်ခွင့်ရရှိခြင်းဖြစ်ပြီး ယခင်နှစ် အကယ်ဒမီပွဲများကို ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာ နိုင်ငံရုပ်ရှင်လုပ်ငန်းက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အကယ်ဒမီပွဲအပါအ၀င် (၅၆)ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သော အကယ်ဒမီပေးပွဲတွင် ဇာတ်ကားဆု၊ အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆုဟူ၍ စတင်ပေးအပ်ခဲ့ပြီး နောင်နှစ်များတွင် ထပ်မံတိုးချဲ့ကာ ၁၁ ဆု အထိ ပေးအပ်ခဲ့သည်။

၁၉၇၂ခုနှစ်တွင် ဒါရိုက်တာဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ၁၉၇၄ ခုနှစ်တွင် အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆုနှစ်ဆုသာ ချီးမြှင့်သော နှစ်များရှိခဲ့သည်။

7Day Daily


RangonNewsDaily:: January . 5 .2014
၂၀၁၂ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဆု ကိုးဆုသာ ချီးမြှင့်ပြီး သုံးဆုကျန်ရှိနေခြင်းနှင့် ပတ်
သက်၍ အကယ်ဒမီထူးချွန်ဆုအတွက် ဒုတိယအဆင့် စိစစ်အကဲဖြတ်ရေးအဖွဲ့က ဇန်န၀ါရီ ၂ရက်၌ ရှင်းလင်း
ချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံပြင်ရေးမှာ အမျိုးသားရင်ကြားစေ့ရေးမူ မသွေဖည်ဟု ဒေါ်စုပြော

Photo: ဖွဲ့စည်းပုံပြင်ရေးမှာ အမျိုးသားရင်ကြားစေ့ရေးမူ မသွေဖည်ဟု ဒေါ်စုပြော
Saturday, January 4, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပေမဲ့လည်း အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေးကို အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာ ကျင်းပချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ဖို့ တပ်မတော်အပါအဝင် တနိုင်ငံလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

“အဲဒီမူတွေက ဘာလဲဆိုတော့ အမျိုးသားရင်ကြားစေ့ရေး- အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့နိုင်ငံကို ညီညွတ်စေမယ့်ပုံစံမျိုးနဲ့သာ ကျမတို့တိုးတက်မှာဖြစ်မှာပါ။ နောက်ပြီးတော့လည်း ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးဆိုပြီး ပြောခဲ့ပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ စညွင့်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ မတူပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ သူ့စည်းကမ်းနဲ့သူ ရှိပြီးသားပါ။ အပြင်ကနေချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းက ဒီမိုကရေစီမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျမတို့က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ပြောတဲ့အခါ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစကတည်းကနေပြီးတော့ အဖွဲ့အစည်းတစ်ခုက သတ်မှတ်ထားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကို ပြည်သူလူထုရဲ့အခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးမယ့် ဒီမိုကရေစီမျိုးကို ဆိုလိုတာပါ။”

စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းစေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက အဓိကဖြစ်တယ်လို့ လွတ်လပ်ရေးအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကပြောပါတယ်။

“တကယ်တော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့အတွက်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အလေးအနက်ယုံကြည်လို့သာ ပြင်ဖို့ ပြောနေရတာကိုး။ နှစ်ပေါင်း (၆၀) ကျော်လောက် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ဆိုးမွေ၊ ပြည်တွင်းစစ် ဆိုးမွေကြီးကို ချုပ်ငြိမ်းဖို့ဆိုတာကလည်း ငြိမ်းချမ်းရေးရရှိမှ ဖြစ်မှာကိုး။ အားလုံးကတော့ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်နေကြတယ်၊ သို့သော် အရင်ဦးဆုံးလုပ်ရမှာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရရှိအောင် လုပ်ရမှာပဲ။ အရင်ဦးဆုံးလုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်က လောလောဆယ် အဓိက အဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ဖြစ်မှာ။”

အစိုးရကကျင်းပတဲ့ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနဲ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို နေပြည်တော်မှာလုပ်ခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာထဲမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်ပူးပေါင်းနေထိုင်ရေး၊ တို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားတွေက ထိန်းသိမ်းကာကွယ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး ဆိုတဲ့ အမျိုးသားဦးတည်ချက်လေးရပ်ကို အဓိကထားပြောဆိုသွားခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးစုံနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့ ပြည်ထောင်စုစိတ်ဓာတ် အပြည့်နဲ့  ညီညွတ်ရေးဖော်ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အရေး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကြိုးပမ်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

“ကျမတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံပါ။ အဲဒီတော့ ကျမတို့တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြစ်ရေးဆိုတာကိုလည်း ကျမတို့ ဘယ်တော့မှ လက်မလွှတ်ပါဘူး။ ကျမတို့တိုင်းရင်းသားများ များပြားတဲ့အခါကျတော့ ညီညွတ်မှုကို ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့နေရာမှာတောင်မှ တော်တော်ညှိယူရမှာ ဖြစ်ပါတယ်။ အဲဒါလည်း ကျမတို့လက်ခံပါတယ်။ ဒါကို ကျမတို့အသိအမှတ်ပြုပါတယ်။ ရင်ဆိုင်ရမယ်။ ဒီစိန်ခေါ်မှုတွေကို ကျမတို့ ရင်ဆိုင်နိုင်ရမယ်၊ ကျော်လွှားနိုင်ရမယ်။ အဲဒါအတွက် အဓိကလိုအပ်တာဟာ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ပန်းတိုင် တစ်ခုတော့ ရှိရမယ်။ အဲဒီတော့ ကျမတို့အားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခုကို လိုလားတဲ့ အခြေခံစိတ်ဓာတ်ကတော့ ရှိရမယ်။”

လွတ်လပ်တဲ့နိုင်ငံမှာ နိုင်ငံသူနိုင်ငံသားတိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ လွတ်လပ်ရေးကို တိုင်းရင်းသား လူမျိုးတိုင်း တန်းတူအခွင့်အရေးရနိုင်ဖို့က အရေးကြီးတယ်လို့လည်း ကိုမင်းဇေယျာက ထောက်ပြပြောဆိုခဲ့ပါတယ်။

“လွတ်လပ်ရေးဆိုတာက လူသားတိုင်း၊ လူသားတိုင်း ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးခွင့်၊ နောက်ပြီးတော့ အခွင့်အရေးတွေ၊ အခွင့်အရေးတိုင်းကလည်း တန်းတူညီတူ ဖြစ်ခွင့်ပေါ့နော၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံမှပဲ စစ်မှန်တဲ့ လွတ်လပ်ရေးရတယ်လို့ သတ်မှတ်တာကိုး။ ကျနော်တို့ ဘိုးဘွားပြည်သူတွေက ကျွန်ဘဝကနေပြီးတော့ လွတ်လပ်ရေးရအောင်၊ သခင်ဘဝဖြစ်အောင် ကြိုးစားခဲ့တယ်ဆိုတာကလည်း ခုနကပြောတဲ့ လွတ်လပ်တဲ့အရသာတွေ လိုချင်လို့ လုပ်ခဲ့တာလေ။ အခုအချိန်မှာ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်က စစ်မှန်သော ပြည်ထောင်စုစနစ်ကြီးကို၊ စစ်မှန်သော ပြည်ထောင်စုနိုင်ငံကြီးကို ထူထောင်ဖို့ပေါ့ဗျာ။ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေဟာ ရိုးသားမှုကို အခြေခံပြီးတော့ ပွင့်လင်းမြင်သာမှုနဲ့လုပ်မယ်ဆိုရင်တော့ ကျနော်တို့တိုင်းရင်းသားတွေအကုန်လုံး လိုချင်တဲ့ တကယ့်စစ်မှန်တဲ့ လွတ်လပ်ရေးကို ရမယ်လို့ ယုံကြည်တယ်လေ။ အဲဒီအတွက်ကိုတော့ အာဏာရယူထားတဲ့လူတွေက စေတနာမှန်မှန်၊ ရိုးရိုးသားသားနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဖို့တော့ လိုတာပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားပွဲမှာတော့ တိုင်းရင်းသား ပါတ်ီအချို့က သဝဏ်လွှာပေးပို့ခဲ့တာရှိပေမဲ့ ထင်ရှားတဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်တာကို မတွေ့ခဲ့ရပါဘူး။

ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ (၆၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်လာသူ ဧည့်ပရိသတ်များ။ (ဇန်နဝါရီ ၄၊ ၂၀၁၄)

VOA
ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ (၆၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်လာသူ ဧည့်ပရိသတ်များ။ (ဇန်နဝါရီ ၄၊ ၂၀၁၄)
RangonNewsDaily:: January . 5 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား
ဆောင်ရွက်သွားမှာဖြစ်ပေမဲ့လည်း အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေးကို အထိခိုက်ခံမှာ မဟုတ်ဘူးဆို သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာတော့မည့် အကျဉ်းသားနှစ်ဦး ထွက်ပြေးခဲ့ရာတွင် ကားကြိတ်ပြီး တစ်ဦးသေဆုံး

RangonNewsDaily:: January . 5 .2014
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်မည့် စာရင်းထဲတွင်ပါရှိသည့် အကျဉ်းသားနှစ်ဦးသည် လှည်းကူးမြို့နယ် လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးခဲ့ရာ တစ်ဦးမှာ ကားကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃ ရက် နံနက် ၅ နာရီခန့်က လှည်းကူးမြို့နယ် လှည်းကူး- ဖောင်ကြီးလမ်းအတိုင်း လှည်းကူးမှ ဖောင်ကြီးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ငပိတဲရွာအရောက်တွင် လမ်းဘေး၌ အိပ်နေသော အဆိုပါထွက်ပြေးလာသူ အမျိုးသားနှစ်ဦးမှ တစ်ဦးအား ကြိတ်မိခဲ့၍

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်သို့ ပြောင်းလဲနိုင်

RangonNewsDaily:: January . 5 .2014
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား

ကောင်းကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်
ပြန်ထားသည်။" ဇန်န၀ါရီ၎ ရက်မွန်းလွဲ၁၂ နာရီခွဲခန့်တိုင်းထွာမှုတွေအရ ဘင်္ဂလားပင်လယ်အော် အနောက်
တောင်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အခုဆက်လက်တည်ရှိနေပြီးတော့ တဖြည်းဖြည်းအား
ကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်။

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပိတ်သဖြင့် လေ့လာချင်သူများ လေ့လာခွင့်မရ

Photo: လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပိတ်သဖြင့် လေ့လာချင်သူများ လေ့လာခွင့်မရ
Sunday, January 5, 2014

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ခြင်းမရှိသောကြောင့် လာရောက် လေ့လာချင်သူများအနေဖြင့် လေ့လာခွင့် မရခဲ့ကြောင်းသိရသည်
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များတွင် ဖွင့်လှစ်ခြင်းမရှိဟုသိရပြီး လွတ်လပ်ရေးနေ့အပါအ၀င် ပြည်ထောင်စုနေ့၊ အမျိုးသားနေ့များတွင်လည်း အစိုးရပြန်တမ်းဝင် ရုံးပိတ်ရက်များဖြစ်သောကြောင့် ဖွင့်လှစ်ခြင်းမရှိဟု သိရသည်။

အစိုးရဟောင်းလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို အာဇာနည်နေ့ တစ်နေ့တည်းသာ ဖွင့်လှစ်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ  သုံးနှစ်နီးပါးသာကြာမြင့်သေးပြီး အဆိုပါ ပြတိုက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင်ရှိကြောင်း သိရသည်။

“မနက်ဖြန်မှဖွင့်မယ်ဗျ။ အစိုးရရုံးပိတ်ရက်တွေဆို ဒီပြတိုက်ကပိတ်တယ်။ အာဇာနည်နေ့ တစ်နေ့တည်းပဲ ဖွင့်တာ ကျန်တဲ့ရက်တွေက တနင်္လာနေ့နဲ့ ရုံးပိတ်ရက်တွေဆို ပိတ်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ လာရောက်လေ့လာခွင့်မရခဲ့သည့်အပေါ် သံဃာတော်တစ်ပါးက“ဦးဇင်းတို့က လွတ်လပ်ရေးနေ့ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အမှတ်တရလာပြီး ကြည့်မယ်ဆိုပြီးလာတာ။ ဒီရောက်တော့ ပိတ်ထားတယ်။ လွတ်လပ်ရေးနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြိုးပမ်းမှုတွေ အဓိကပါဝင်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ရမှာမဟုတ်ပါဘူး။ မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ဒီနေ့မှာ ဒီပြတိုက်ကိုပိတ်ထားတော့ လာရတာမောတာပေါ့။ အစကတည်းက ပိတ်ရက်အဖြစ် ထုတ်ပြန်ထားတာကို မသိဘဲလာမိတာကိုး”ဟု မိန့်ကြားခဲ့သည်။

Eleven Media Group 

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပိတ်ထားသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)
လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပိတ်ထားသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)
RangonNewsDaily:: January . 5 .2014
၂၀၁၄ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင်ကျရောက်သော မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်
ကုန်မြို့၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ခြင်းမရှိသောကြောင့် လာရောက် လေ့
လာချင်သူများအနေဖြင့် လေ့လာခွင့် မရခဲ့ကြောင်းသိရသည်