Pages

Pages - Menu

Sunday, January 5, 2014

မန္တလေးတိုင်း အကျဉ်းသား ၂၇၀၀ ကျော် လွတ်မြောက်

RangonNewsDaily:: January . 5 .2014
(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် ပြစ်ဒဏ် ကျခံနေသော အကျဉ်း

သားများအနက် နှစ်၄၀ အောက် ပြစ်ဒဏ်ချခံသူများကို ပြစ်ဒဏ်လေးပုံတစ်ပုံ လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်း
ချမ်းသာခွင့် ပြုခဲ့ရာမန္တလေးတိုင်းဒေသကြီး အတွင်းရှိ အကျဉ်းထောင် များနှင့် အကျဉ်းဦးစီးဌာန များတွင် ပြစ်
ဒဏ် အသီးသီးဖြင့် ကျခံနေသော အကျဉ်းသားများ၏ ပြစ်ဒဏ်လေးပုံတစ်ပုံ ခန့်လျှော့ချ၍ အကျဉ်းသားပေါင်း
၂၇၄၂ ဦး လွတ်မြောက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
"ဘယ်ပြစ်ဒဏ်ကို လျှော့ပေါ့ပြီး လွတ်ရမယ် မဟုတ်ပါဘူး။ ပြစ်ဒဏ်အသီးသီး ကျခံနေတဲ့ အကျဉ်းသားတွေထဲ
မှ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ အကျုံးဝင်တဲ့ သူတွေအားလုံး လွတ်ပေးတာပါ" ဟု ညောင်ဦး အကျဉ်းထောင်မှ ဦး
စီးအရာရှိ ဦးအောင်နိုင်ဖေက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိမန္တလေးဗဟိုအကျဉ်းထောင်မှ တရုတ်နိုင်ငံသား ၄၄ ဦးအပါအဝင် အကျဉ်း

သား၈၈၂ ဦး၊ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘို(၁) ကျောက်ထုတ်စခန်းမှ အကျဉ်းသား၂၄၇ ဦး၊ ထုံးဘို (၂) ကျောက်
ထုတ်စခန်းမှ အကျဉ်းသား၂၀၆ ဦး၊ တမာတောင် အမျိုးသမီး ကျောက်ထုတ်စခန်းမှ ၃၁၈ ဦး၊ ၂၄ မိုင် ရဲဘက်
စခန်းမှ၁၀၆ ဦး၊ဘယ်လင်း ကျောက်ထုတ်စခန်း (၁) မှ ၁၆၃ ဦး၊ ဘယ်လင်း ကျောက်ထုတ်စခန်း (၂) မှ ၁၈၃
ဦး၊ မိတ္ထီလာအကျဉ်းထောင်မှ၁၁၆ ဦး၊ဘုရားငါးဆူ ကျောက်ထုတ်လုပ်ရေး စခန်းမှ ၁၀၅ ဦးတို့ လွတ်မြောက်
ခဲ့ကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရသည်။

မြင်းခြံ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုသည့်ဦးရေ ၂၃၈ ဦးအနက် အမှုတစ်မှု လွတ်မြောက်၍ 

နောက်ထပ်အမှု အတွက် ပြစ်ဒဏ်ကျခံရန် ကျန်သည့် အမျိုးသားတစ်ဦး ရှိပြီး လွတ်မြောက်သည့် ဦးရေ ၂၃၇ ဦး ရှိကြောင်း၊ ရမည်းသင်း အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုသည့် ဦးရေ ၁၂၃ ဦးအနက် အမှုတစ်
မှု လွတ်မြောက်၍ နောက်ထပ်အမှု အတွက် ပြစ်ဒဏ်ကျခံရန် ကျန်သည့် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်
ဦး ရှိပြီး လွတ်မြောက်သည့် ဦးရေ ၁၂၀ ဦးရှိကြောင်း၊ 

ညောင်ဦး အကျဉ်းထောင်မှ ၅၉ဦးရှိကြောင်းအဆိုပါရုံးမှတ်တမ်းများအရထပ်မံသိရသည်။(၆၆) နှစ်မြောက်
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာ
ခွင့် အမိန့်အရ နိုင်ငံရေးအကျဉ်းသား သုံးဦးနှင့် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေ
သာ အကျဉ်းသား တစ်သောင်းကျော် လွတ်မြောက်လာသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment