Pages

Pages - Menu

Tuesday, December 2, 2014

တရုတ်မော်တော်ကား Dongfeng တံဆိပ်ကို ရန်ကုန်မှာ မိတ်ဆက်


RangonNewsDaily:: December . 2 .2014
မော်တော်ကားတွေကို တင်သွင်းခွင့်ရတဲ့အချိန်မှာ ဂျပန်က ညာမောင်းကားတွေ ဈေးပေါပေါနဲ့ တင်သွင်းခဲ့လို့ မြန်မာပြည်
လမ်းစနစ်နဲ့ မကိုက်ညီတာကြောင့် ယာဉ်တိုက်မှုတွေ အများကြီးဖြစ်ခဲ့ရတယ်လို့ တရုတ်အစိုးရက ထုတ်လုပ်တဲ့ Dongfeng 
ကားသစ် မိတ်ဆက်တဲ့ နိုဝင်ဘာ ၂၉ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဘယ်မောင်ကားတွေ မြန်မာပြည်ကိုတင်သွင်းဖို့ ခိုင်မာတဲ့ မူဝါဒ တကယ်ပဲရှိရဲ့လား။
ဘယ်မောင်းအမျိုးအစား ကားသစ်တွေကို ပြည်သူတွေဝယ်စီးနိုင်လောက်တဲ့ အခွန်နှုန်းထားလျှော့ချပြီး နိုင်ငံတကာစံနှုန်း
အတိုင်းလုပ်ပေးဖို့ Junction Squareမှာကျင်းပတဲ့ Dongfeng ကားသစ်မိတ်ဆက်ပွဲမှာဦးအောင်ဝင်းက ပြောဆိုခဲ့ပါတယ်။

ကားတွေတင်သွင်းခွင့်ပြုတဲ့အချိန်က Service Centerမရှိရင် ရောင်းခွင့်မပေးတဲ့ သတ်မှတ်ချက်တွေကြောင့် ကားမော်
ဒယ်အသစ်တွေ ဈေးကွက်ထဲဝင်လာဖို့ အခွင့်အလမ်း မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
::
၁၉၆၉ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ တရုတ်အစိုးရပိုင် DFM တံဆိပ်Dongfeng ကားတွေကို မြန်မာပြည်မှာ သုံးစွဲနိုင်ဖို့အတွက် အိမ်သုံးကားတွေကို မိတ်ဆက်ပြသခဲ့တဲ့အပြင် Truckကား
အမျိုးအစားတွေကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။
::
သူတို့ဟာ Dongfeng ကားတွေကို မိတ်ဆက်ရုံသာမက သူတို့ရဲ့အင်အားကိုပါ ပြသချင်တာပါလို့ Yang Bo က ပြောပါတယ်။ ၂ဝ၁၁ မော်တော်ကားတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲစဖြစ်ချိန် သူတို့ရဲ့ DFMအမှတ်တံဆိပ်ကားတွေ မြန်မာပြည်ထဲ ဝင်ရောက်ခဲ့ပြီး မြန်မာ့စီးပွားရေး တိုးတက်
လာမှုနဲ့အတူ ပိုအောင်မြင်သွားမယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေကလည်း အရည်အသွေးကောင်း
တဲ့ပစ္စည်းကို ပိုပြီးရွေးချယ်လာမှာပါလို့ ပြောပါတယ်။

kamayutmedia ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment