Pages

Pages - Menu

Sunday, December 28, 2014

မျိုးစောင့်ဥပဒေကို ထောက်ခံသူနှင့် ကန့်ကွက်သူများ Debate ပြုလုပ်မည်

RangonNewsDaily:: December . 28 .2014
မျိုးစောင့် ဥပဒေကို ထောက်ခံသူနှင့် ကန့်ကွက်သူများ Debate လုပ်နိုင်ရန် ယှဉ်ပြိုင် ဟောပြောပွဲကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ပွဲစီစဉ် ကျင်းပမည့်သူ တစ်ဦး ဖြစ်သည့် ဦးမျိုးချစ်က The Messenger Media သို့ပြောသည်။ 
အမျိုးစောင့် ဥပဒေနဲ့ ပတ်သက် ပြီးတော့ ပြန်လည် ချေပမယ့်သူ ရှိလား မရှိဘူးလား၊ မရှိဘူး ဆိုရင်တော့ ဒါကို ကန့်ကွက်မယ့်သူ မရှိဘူးလို့ ပြောလို့ ရမယ်။ ဒီလိုမျိုးတွေ ဖြစ်အောင်လို့ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။

ယှဉ်ပြိုင် ဟောပြောပွဲ ကျင်းပ ဖြစ်ပါက မျိုးစောင့် ဥပဒေကို ထောက်ခံသူနှင့် ကန့်ကွက်သူ များမှ အဘယ်ကြောင့် ထောက်ခံ ရသည်။ အဘယ်ကြောင့် ကန့်ကွက်ရသည်ကို နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့် ပေါင်းစုံမှ တင်ပြကာ ယှဉ်ပြိုင် ဟောပြောရမည် ဖြစ်ကြောင်း၊ ယင်းဟောပြောပွဲ ကျင်းပမည့် အကြောင်း ကိုလည်း သတင်းစာ၊ ဂျာနယ် များတွင် ကြော်ငြာ ထည့်သွင်း၍ အသိပေး သွားမည် ဖြစ်ကြောင်း သိရသည်။
::
သတင်းစာ၊ ဂျာနယ် များတွင် ထည့်သွင်း ကြေညာပြီး ယှဉ်ပြိုင်မည့် သူများ ထွက်ပေါ် လာပါက အဆိုပါ Debate ကို ချက်ချင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ ဟောပြောပွဲကို နိုင်ငံရေး ပါတီ အသီးသီးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ပါမကျန် မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင် ပါတယ် ဟု ဦးမျိုးချစ်က ပြောသည်။

ယှဉ်ပြိုင် ဟောပြောမည့် သူများ အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပါဝင် ဆင်နွှဲ နိုင်ကြောင်း၊ သို့သော်လည်း ယှဉ်ပြိုင် မည့်သူများ က စိတ်ကြိုက် နေရာ ရွေးချယ်ပါ ကလည်း ယှဉ်ပြိုင် နိုင်အောင် စီစဉ်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ အနေအထားအရ ယှဉ်ပြိုင်မည့် သူများရှိပါက ဖုန်းနံပါတ် ၀၉-၄၀၂၅၁၈၉၅၄ သို့ ဆက်သွယ်ကာ စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
::
အမျိုးစောင့် ဥပဒေနှင့် ပတ်သက်ပြီး အရပ်ဘက် လူ့ အဖွဲ့အစည်း တစ်ရာကျော်က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးနောက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှလည်း ယင်းကဲ့သို့ ကန့်ကွက်မှုများကို သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက် ခဲ့သည်။

Messenger News ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment