Pages

Pages - Menu

Tuesday, December 30, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၁/ ၂ အနီး ပါဂျဲရိုးယာဉ် တိမ်းမှောက်၊ လေးဦး သေဆုံး


Tuesday :- 30 : December :- 2014
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၁/ ၂ အနီးမှာ ဒီကနေ့မနက်ပိုင်းက ပါဂျဲရိုးယာဉ်
တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီးခြောက်ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရပါတယ်။
လူ ၁၀ ဦး လိုက်ပါလာတဲ့ အဲဒီ ပါဂျဲရိုးယာဉ်ဟာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့
တာလို့ အဲဒီရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။ “ဘီးပေါက်ပြီး ကားက လမ်းပေါ် သုံးလေးပတ်လောက် လိမ့်ထွက်သွားပြီး လမ်းလယ် ကျွန်းတုံးမှာ ရှိတဲ့ ရေပြွှန် ပေါက်အုတ်ခုံနဲ့ ဝင်တိုက်ခဲ့တာ” လို့ သူက ဆိုပါတယ်။

ပါဂျဲရိုးယာဉ်မှာ လိုက်ပါလာသူတွေဟာ ပြင်ဦးလွင်မြို့နယ်ကို သွားမယ့် အလှပြုပြင်ရေး အဖွဲ့ဆိုပြီး ကနဦး စုံစမ်စစ်ဆေးချက်အရ သိရှိရတယ်လို့ အဲဒီ ရဲအရာရှိက ပြောဆိုပါတယ်။
::
ပါဂျဲရိုးယာဉ်ဟာ ရန်ကုန်ကနေ မန္တလေးသို့ အမြန်လမ်းမကြီးအတိုင်း မောင်းနှင်ခဲ့ တာဖြစ်ပြီး ယာဉ်
တိမ်းမှောက်မှုကြောင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ်ရှိ ကိုမျိုးကိုကိုလွင်၊ ပန်းဘဲတန်းမြို့နယ်မှာ နေထိုင်သူ အသက် ၂၆ နှစ်အရွယ်ရှိ ကိုရဲရင့်(ခ) အောင်ကျော်ထွန်း၊ ပန်းတောင်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ်ရှိ မတင်တင်အုန်းနဲ့ နေရပ်လိပ်စာ စုံစမ်းဆဲဖြစ်သူ အသက် ၂၀ အရွယ် မစုစုမာတို့ လေးဦးမှာ သေဆုံးခဲ့တယ်လို့ အမြန်လမ်း မိုင်တိုင်အမှတ် ၂၈၅ ရှိ ကြက်ခြေနီအဖွဲ့ထံမှ သိရှိရပါတယ်။
::
ဒဏ်ရာရရှိသူတွေကို မန္တလေး ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ နေပြည်တော် အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment