Pages

Pages - Menu

Tuesday, December 9, 2014

မက်ဆီ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုး သွင်းယူ


RangonNewsDaily:: December . 9 .2014
Messiတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာက အက်စပန်ညိုကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က လာလီဂါ ပွဲမှာ ဟက်ထရစ်ဂိုးကို သွင်းယူနိုင် လိုက်ပါတယ်။
ဒီဟက်ထရစ် သွင်းဂိုးနဲ့ဆိုရင် မက်ဆီဟာ ဘာစီလိုနာအတွက် ဂိုးပေါင်း ၄ ရာ မြောက်ကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ဖက် ရော်နယ်ဒိုက ဒီဇင်ဘာလ ၆ ရက်နေ့က ပွဲမှာ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဂိုး သွင်းယူအပြီးမှာ မက်ဆီလည်း ဟက်ထရစ် သွင်းယူနိုင်တာ ဖြစ်ပါတယ်။

ဒီနှစ်ရာသီမှာ လက်ရှိအချိန်အထိတော့ ရော်နယ်ဒို သွင်းဂိုး ၂၉ ဂိုးနဲ့ ဦးဆောင်နေပြီး မက်ဆီက သွင်းဂိုး ၂၀နဲ့ နောက်မှာ ရှိနေပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ရာသီအတွက် ဖီဖာကပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆန်ခါတင် ၃ ယောက်စာရင်းမှာလည်း ပါဝင်နေပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment