Pages

Pages - Menu

Wednesday, December 31, 2014

ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်သစ်ကူးည လုံခြုံရေး တိုးမြှင့်ချထားမည်

RangonNewsDaily:: December . 30 .2014
နှစ်သစ် ကူးညတွင်အုပ်စုဖွဲ့ ရန်ဖြစ်မှုများနှင့် ဒုစရိုက်မှု များမဖြစ်စေရန်အတွက် ရန် ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး တိုးမြှင့်ချ ထားပြီး လှည့်ကင်းများဖြင့် ရဲတပ်ဖွဲ့ဝင်များက အနီးကပ် သတိ ပေးခြင်း များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းသို့ လုံခြုံရေးတိုးမြှင့်ချ ထားမှုများနှင့် ကင်းလှည့်မှုများထဲ တွင် ကန်ပေါင်၊ မင်္ဂလာဈေးဝင်း နှင့် ကန်တော်ကြီးဝင်းနေရာများတွင် လုံခြုံရေးကို ပိုမိုပြုလုပ် သွားမည်ဖြစ် ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံး မှဒုရဲမှူးကြီးဝင်းကြည်က ''လုံခြုံရေး ကို တိုးမြှင့်ချထားမှုတွေ လုပ်သွား မယ်။ နှစ်သစ်ကူးညမှာ အင်းလျား ကန်ပေါင်ကို လာရောက်ကြမယ် ၊ ဘယ်အချိန်မဆို လာလို့ရပါတယ်။ အချိန်ကန့် သတ်ထား တာမရှိပါဘူး။ ဒါပေမဲ့ ညဉ့်နက်လာရင် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်တွေက အနီး ကပ်စောင့်ကြည့်ပြီး သတိပေးသွား မယ့်အပြင် လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားပြီးပြီ''ဟု ပြော သည်။
::
ယင်းကဲ့သို့ လုံခြုံရေးတိုးမြှင့် ချထားမှုများ ဆောင်ရွက်ရာတွင် နယ် မြေခံရဲတပ်ဖွဲ့ ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ထွေအုပ်၊ မီးသတ်များပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးဆောင် ရွက်သွားမည်ဖြစ်သည်။
::
ဗဟန်းမြို့နယ်နေ ပြည်သူ တစ်ဦး က''အင်းလျားကန်ပေါင်မှာ ကလုံခြုံရေး တော်တော် များများစောင့် ကြပ်ထားဖို့လိုတယ်။ နှစ်တိုင်းခိုက် ရန် ဖြစ်ပွားကြတာရှိသလို လူသေ ဆုံးမှုတွေလဲရှိတဲ့အတွက် ရဲတပ်ဖွဲ့ ဝင်တွေအနေနဲ့ ဂရုစိုက်ဖို့လိုတယ်'' ဟု သုံးသပ်ပြောဆိုသည်။

Democracytoday ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment