Pages

Pages - Menu

Wednesday, December 17, 2014

ကော့သောင်းလူငယ်များ ဆိုင်ကယ်တာယာ ဖာသည့် ကော်ကို မူးယစ်ဆေး ကဲ့သို့ အသုံးပြု ရှူရှိုက်၊ အရေးယူနိုင်မည့် ဥပဒေ မထွက်သေး

RangonNewsDaily:: December . 17 .2014
မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့နယ်တွင် လူငယ် ၆၀ ရာခိုင်နှုန်းမှာ ကော်ရှူနေကြောင်း ကော့သောင်းမြို့နယ် အတွင်းရှိ ဆိုင်ရှင်များနှင့် တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ ရဲအုပ်အေးကြိုင်က ပြောကြားသည်။
ကော့သောင်းမြို့နယ်တွင် လူငယ်များသည် ဆိုင်ကယ်တာယာ ဖာထေးရာတွင် အသုံးပြုသည့် ကော်ကို မူးယစ်ဆေးဝါးကဲ့သို့ အသုံးပြုနေကြသဖြင့် အသက် ၁၈ နှစ် မပြည့်သေးသူများအား မရောင်းပေးရန်နှင့် စည်းစနစ်ဖြင့် ရောင်းချရန် မြို့နယ်ရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း ကုန်မာအရောင်းဆိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

ဆိုင်ကယ်တာယာ ဖာသည့် ကော်မှာ အစိမ်းရောင်ရှိပြီး ယင်းကော်အား ပလတ်စတစ် အိတ်အတွင်းသို့ ထည့်ကာ ရှူရှိုက်ကြသောကြောင့် ဦးနှောက်အမှေးပါး ရောင်ခြင်း၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ ဉာဏ်ဖွံ့ဖြိုးမှု လျော့နည်းလာခြင်း၊ အသိစိတ်များ ပျောက်ကာ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် တွေ့ရသည့် လက္ခဏာရပ်များ ဖြစ်ပေါ်လာပြီး အချို့မှာ ပတ်ဝန်းကျင်အား အသက်အန္တရာယ် ပေးသည်အထိ ဖြစ်လာကြောင်း ရဲအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။
::
“ကျွန်တော်တို့ကလည်း ကော်ဘူးလာဝယ်ရင် ကော်ဘူးလောက်ပဲ မရောင်းဘူး။ ဆိုင်ကယ်တာယာဖာတဲ့ နေရာမှာ အသုံးပြုတဲ့ ဖာတဲ့ ပစ္စည်းနဲ့ တွဲရောင်းတယ်။ သီးသန့်ကြီးတော့ တစ်ဘူးတည်း မထုတ်ရောင်းပေးဘူး” ဟု ကော့သောင်းမြို့ပေါ် ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
::
ကော်ရှူခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရန် ဥပဒေ မထွက်ရှိသေးသောကြောင့် ထိုကိစ္စများ ပပျောက်အောင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ကော်ဘူးများ ရောင်းချသည့် ကုန်မာဆိုင်များ၊ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်များက လက်တွဲပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် ကော့သောင်း မြို့မစခန်းမှူး ရဲအုပ်အေးကြိုင်က ပြောကြားသည်။

Dawei Watch ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment