Pages

Pages - Menu

Thursday, December 11, 2014

တရားမ၀င် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကား ထိုင်းတောင်ပိုင်းတွင်တိမ်းမှောက် တစ်ဦးသေ၊ ၃၀ ဦး ဒဏ်ရာရ

RangonNewsDaily:: December . 11 .2014
တရားမ၀င် မြန်မာလုပ်သားများကို သယ်ဆောင်လာသော ကားတစ်စီး ဒီဇင်ဘာ ၁၀ ရက် နံနက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၌ တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန် ဖွန်းခရိုင် ဘန့်နမ့်ယဉ်ကျေးရွာအ နီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ တရားမ၀င်ဝင်ရောက်ရန် သယ်ဆောင်လာသည့် ကားသုံးစီးအနက် တစ်စီးတိမ်းမှောက်ခြင်းဖြစ်သည်။

‘‘မြန်မာလုပ်သားတွေကို တရားမ၀င် သယ်ဆောင်လာတဲ့ ကားလို့ သိရပါတယ်။ တစ်ယောက်သေတယ်။ အယောက်သုံးဆယ် ဒဏ်ရာရတယ်။ သူများနိုင်ငံကို တရားမ၀င်အနေနဲ့ မလာကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ တရားဝင် နေတဲ့သူတွေတောင် ဒီလောက် ဒုက္ခရောက်နေတာ။ ပို့ဆောင်ပေးတဲ့ သူတွေလည်းပိုက်ဆံရပြီးရောဆိုပြီး မပို့ကြဖို့ တောင်းဆိုပါတယ်’’ဟု ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေ သည့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ဦးမိုးဝေက ပြောသည်။
::
မြန်မာလုပ်သားများကို တရားမ၀င် တင်ဆောင်လာသော ကားသည် ထိုင်းစစ်တပ်၏ စစ်ဆေးရေးကားနှင့် တွေ့ဆုံရာ၌ ကြောက်လန့်၍ ကားမောင်းပြေး သွားရာမှ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
::
တရားမ၀င်သယ်ဆောင်လာ သော ကားသုံးစီးအနက် တစ်စီးမှာ လွတ်မြောက်ထွက်ပြေးသွား ပြီး ကျန်တစ်စီးမှာ ဖမ်းဆီးမိထား ကြောင်း သတင်းရရှိသည်။ ဒဏ် ရာရသူ ၃၀ ဦးကို ချွန်းဖွန်းခရိုင်ဆေးရုံနှင့် ထာ့ချဲ့ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသနေကြောင်းသတင်းရရှိသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment