Pages

Pages - Menu

Sunday, December 28, 2014

ကြေးနီစီမံကိန်းရပ်ဆိုင်းရန်နှင့် အကြမ်းဖက်ဖြိုခွင်းမှုဆန့်ကျင်ကြောင်း ရန်ကုန်တွင် ဆက်လက်ဆန္ဒပြ

RangonNewsDaily:: December . 28 .2014
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်က ဒီဇင် ဘာ ၂၇ ရက် ညနေ ၃ နာရီခန့်တွင် ကမာရွတ်မြို့နယ် ယုဒသန်ခန်းမရှေ့မှစတင်ကာ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းရပ်ဆိုင်း ရေးနှင့် လက်ပံတောင်းတောင်သူ အသတ်ခံရသည့်အတွက် အစိုးရ မှ တာဝန်ယူ ဆောင်ရွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့သည်။
‘‘၀မ်ပေါင်၊ စစ်အစိုးရပြုတ် ကျရေး၊ ကြေးနီစီမံကိန်းချက်ချင်း ရပ်၊ လူသတ်အစိုးရပြုတ်ကျရေး’’ စသည့် ကြွေးကြော်သံများဖြင့် အင်အား ၁၅၀ ခန့်သည် ကမာရွတ်လှည်းတန်း ပြည်လမ်းမပေါ်ရှိ ယုဒသန်ခန်းမရှေ့မှ ဥရောပသမဂ္ဂ သံရုံးအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သော ဆန္ဒပြပွဲကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်အဖွဲ့ ကော်မတီဝင်များက ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကာလတ်တလောတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ပဋိပက္ခ၌ လူသေဆုံးမှုနှင့် ပတ်သက်၍ ၀မ်ပေါင်ကုမ္ပဏီနှင့် လက်ရှိအစိုးရ၏ လုပ်ရပ်အပေါ် ကျေနပ်မှုမရှိ၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
::
‘‘လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်ပြီး တရားခံအစစ်မှန် ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ် ဖော်ခဲ့တာပါ။ ကြိုတင်စီစဉ်ထား တာမဟုတ်ဘူး။ ရုတ်တရက်ဖော် ထုတ်ဖြစ်ခဲ့ကြတာ။ ဘယ်ဌာန ဆိုင်ရာကမှ လာရောက်တားဆီး တာလည်းမရှိပါဘူး’’ဟု ဆန္ဒ ထုတ်ဖော်ပွဲတွင် ကိုယ်တိုင်ပါဝင် ဆန္ဒပြခဲ့သူတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင်တွင် စီမံကိန်းဆန့်ကျင်သူများကို အ ကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက် ၍ ရန်ကုန်၌ ဆန္ဒထုတ်ဖော်ပွဲ များ ဆက်တိုက်ပြုလုပ်နေပြီး မန္တ လေး၊ ပြည်စသော မြို့ကြီးများ တွင်လည်း ဆန္ဒပြနေကြသည်။
::
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ - ဖြူဖွေးသန့်)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment