Pages

Pages - Menu

Sunday, December 21, 2014

စည်ပင်ရွေးကောက်ပွဲ ၈၈ ငြိမ်း/ပွင့် အနီးကပ်စောင့်ကြည့်မည်


RangonNewsDaily:: December . 21 .2014
ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲကို ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က အနီးကပ်စောင့်ကြည့်သွား မည်ဟု အဆိုပါအဖွဲ့မှ ဦးမင်းဇေယျက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ပြု လုပ်မည့် ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အဆင့် ဆင့် ရွေးကောက်ပွဲကို မြို့နေလူထု စိတ်ဝင်စားမှု လျော့ကျနေသော် လည်း တရားမျှတသော ရွေး ကောက်ပွဲဖြစ်ရန် စောင့်ကြည့်ဆုံး ဖြတ်သွားရန်လိုကြောင်း ၎င်းက ဆိုသည်။

‘‘ငြိမ်းပွင့်အနေနဲ့ အနီးကပ် စောင့်ကြည့်သွားမှာပါ။ ဒီလို စောင့်ကြည့်မှုက ၈၈ မှာ တာဝန် ရှိသလို တခြားအဖွဲ့အစည်းအား လုံး၊ မဲဆန္ဒရှင်အားလုံးကလည်း စောင့်ကြည့်နေဖို့ တာဝန်ရှိတယ်’’ ဟု ဦးမင်းဇေယျက ပြောသည်။

အဆိုပါ ရွေးကောက်ပွဲမှာ နည်းဥပဒေထွက်လာစဉ်ကတည်း က ဝေဖန်မှုများစွာရှိနေပြီး သန့် ရှင်းသော ရွေးကောက်ပွဲ ဖြစ်ရေး အားလုံးညီညွတ်စွာ စောင့်ကြည့်ထိန်းကွပ်သွားရန် လိုအပ်သည် ဟု ဥပဒေပညာရှင် ဦးကျော်တင့်က ပြောသည်။
စည်ပင်သာယာရွေးကောက် ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်မှာ ကြီးကြီးမားမား မျှော်လင့်နိုင်စရာ အနေအထားမရှိခြင်းကြောင့် လူ ထု၏ စိတ်ဝင်စားမှု ရယူနိုင်ခြင်း မရှိသော်လည်း အပြောင်းအလဲ တစ်ခုအတွက် အလေ့အထ ကောင်းရရှိစေရန် စောင့်ကြည့်ရန် လိုအပ်နေခြင်းဖြစ်သည်ဟု ဦးမင်းဇေယျက ဆိုသည်။

‘‘ဟန်ပြရွေးကောက်ပွဲလား၊ တကယ်အလုပ်ဖြစ်မယ့် ရွေး ကောက်ပွဲလားဆိုတာ အခုချိန်မှာ တော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ မညီတာတွေတော့ တွေ့နေရတယ်’’ ဟု ၎င်းကဆိုသည်။

ရန်ကုန်စည်ပင်ရွေးကောက် ပွဲအပေါ် လူထုစိတ်ဝင်စားမှု လျော့ကျခြင်းမှာ အစိုးရ၏ ပံ့ပိုးအားပေးမှု အားနည်းခြင်းကြောင့်လည်း ပါဝင်ပြီး ဥပဒေပိုင်းအားနည်းချက်များကြောင့်လည်း ဖြစ်သည်ဟု ဗဟိုကော်မတီအဖွဲ့ဝင်အဆင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ဇောတိကဦးခင်လှိုင်က မှတ်ချက်ပြုသည်။
‘‘ဒီရွေးကောက်ပွဲနဲ့ ပတ် သက်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ပါဝင်မှုနည်းတယ်။ ရွေးကောက် ပွဲလုပ်မယ့်အကြောင်း ကြော်ငြာ ထည့်ဖို့ကို နိုင်ငံပိုင်သတင်းစာ တွေက ခွင့်မပြုဘူး’’ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော ဥပဒေမှာလည်း ရှုပ်ထွေးနေပြီး ရွေးချယ်ခံရသော ကိုယ်စားလှယ်များအတွက် လုပ်ပိုင်ခွင့်ထိန်းချုပ်ထားခြင်းများ ရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စိုက်ထူထားသော စည်ပင်ရွေးကောက်ပွဲ လှုံ့ဆော်ရေးပိုစတာကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment