Pages

Pages - Menu

Sunday, December 7, 2014

ပရိသတ် ၅၃,၅၀၀ အထိ ၀င်ဆံ့ရန် လီဗာပူးကွင်း တိုးချဲ့မည်


RangonNewsDaily:: December . 7 .2014
လီဗာပူးပိုင်ရှင်များသည် လာမည့် တနင်္လာနေ့မှစတင်ကာ လက်ရှိအသုံးပြုနေသော ပရိ သတ် ၄၅,၀၀၀ ဆံ့ အန်ဖီးလ်ဘောလုံးကွင်းကို ပရိသတ် ၅၃,၅၀၀ အထိ ၀င်ဆံ့စေရန် တိုးချဲ့ဆောက်လုပ်သွားမည် ဖြစ်သည်။ ကွင်းသစ်တိုးချဲ့ရေးအတွက် ဖင်းဝေးအားကစားလုပ်ငန်းစုက လီဗာပူးအား ပေါင် ၁၁၄ သန်း ငွေထုတ်ချေးမည်ဖြစ်သည်။
လီဗာပူး၏ ကွင်းတိုးချဲ့မှုမှာ ၂၀၁၆-၁၇ တွင် အပြီးသတ်နိုင် မည်ဖြစ်ပြီး လီဗာပူးကွင်း၏ အဓိကပွဲကြည့်စင်ကို ပုံစံပြောင်းလဲမည် ဖြစ်ကာ ထိုင်ခုံပေါင်း ၈,၅၀၀ တိုး ချဲ့သွားမည် ဖြစ်သည်။ ခန့်မှန်း တွက်ချက်မှုများအရ ဆောက်လုပ် စရိတ်မှာ ပေါင် ၇၅ သန်း ကုန်ကျ မည်ဖြစ်ပြီး လုပ်ငန်းခွင်စရိတ် ပေါင် ၃၉ သန်းအထိရှိနိုင်ကြောင်း သိရသည်။ အန်ဖီးလ်ကွင်းတိုးချဲ့မှုကိစ္စအားလုံးအတွက် ပေါင်သန်း ၂၆၀ အထိကုန်ကျမည်ဖြစ်သည်။


ပရီးမီးယားလိဂ်တွင် ပရိ သတ်ပေါင်း ၇၅,၇၃၁ ဦးဝင်ဆံ့ သော မန်ယူ၏ အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ အကြီးဆုံးဖြစ်ပြီး အာဆင်နယ်၏ ပရိသတ် ၆၀,၃၆၂ ဦးဝင် ဆံ့သော အမ်းမရိတ်က ဒုတိယအ ကြီးဆုံး ဖြစ်သည်။ ပရိသတ် ၄၅,၅၅၂ ဦးသာ ၀င်ဆံ့သော အန်ဖီးလ်ကွင်းမှာ စတုတ္ထမြောက် အကြီးဆုံးကွင်းဖြစ်သည်။ 


DailyMail , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment