Pages

Pages - Menu

Wednesday, December 31, 2014

လုံခြုံရေးစည်းကို ကျော်ခဲ့တဲ့ လက်ပံတောင်းအရေး ဆန္ဒပြသူ သုံးဦးကို ဖမ်းဆီး တရားစွဲ


RangonNewsDaily:: December . 30 .2014
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ တရုတ်သံရုံး အနီး ဆန္ဒပြချိန်မှာ လုံခြုံရေးစည်းကို ကျော်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို ပုဒ်မ ခုနှစ်ခုနဲ့ တရားစွဲဆိုပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင် ထိန်းသိမ်းလိုက်ပြီလို့ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းကနေ သိရှိရပါတယ်။
ဆန္ဒပြသူတွေ လုံခြုံရေးစည်းကို ကျော်ဝင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးတို့ သုံးဦးကို ဒီနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားရုံးမှာ ရမန်ရယူခဲ့တယ်လို့ အဲဒီစခန်း ကနေ သိရှိရပါတယ်။

နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ လုံခြုံရေးစည်းကို ဖြတ်ကျော်ဝင်ရောက်မှု၊ ဝတ္တရားနှောက်ယှက်မှု၊ ဆဲဆိုမှု၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးပြုမှု၊ အပါအဝင် ပုဒ်မ ခုနှစ်ခုဖြင့် ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆွဲခဲ့ကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းကနေ သိရှိရပါတယ်။
::
တရုတ်သံရုံး အနီးမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ဆန္ဒပြနေကြတဲ့ နိုင်ငံရေးတက်ကြွ
လှုပ်ရှားသူ ၁၀၀ ဝန်းကျင်ကို ရဲတပ်ဖွဲ့က တရုတ်သံရုံး အရှေ့ကနေ ဖြတ်သန်းခွင့်မပေးဘဲ လမ်း
ပိတ်ထားတဲ့အတွက် ဆန္ဒပြသူ တွေနဲ့ ရဲတပ်ဖွဲ့ကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲဖို့ ဒဂုံမြို့နယ်စခန်းမှူးက အသံချဲ့ စက်နဲ့ပြောဆို သတိပေးနေတာ မိနစ်ပိုင်း
အကြာမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀ဦးဝန်းကျင်ဟာ လုံခြုံရေး စည်းကို ကျော်ဝင်ခဲ့ကြတာပါ။

The Voice ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment