Pages

Pages - Menu

Sunday, December 21, 2014

အနုပညာထက် စီးပွားရေးလုပ်ငန်းကို ရွေးချယ်လိုက်တဲ့ မိုးစက်ဝိုင်


RangonNewsDaily:: December . 21 .2014
Miss Universe Myanmar အဖြစ် ရွေး ချယ်ခံထားရတဲ့ မိုးစက်ဝိုင်က အနုပညာ လောကတွင်ရပ်တည်ရန် မရည် ရွယ်ဘဲ စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြော ကြားလိုက်သည်။

''အနုပညာလောကထဲကိုဝင်ဖို့ အတွက်ဆိုပြီး ရည်ရွယ်ထားတာ မဟုတ်တဲ့အတွက် အခု Miss Universe Myanmar ဖြစ်ပြီးတဲ့အခါမှာ လဲ ရုပ်ရှင်ရိုက်ပြီးတော့ပဲဖြစ်ဖြစ်၊ တစိုက်မတ်မတ်ဝင်ဖို့အတွက်တော့ အစီအစဉ်မရှိဘူး''ဟု ၄င်းကဆိုသည်။

လက်ရှိအနုပညာလှုပ်ရှားမှုများ ဖြစ်သည့် ကြော်ငြာရိုက်ခြင်း၊ တီဗွီ ပရိုဂရမ်ရိုက်ကူးခြင်းတို့ကို မှတ်တမ်း တစ်ခုအဖြစ် လုပ်ဆောင်နေခြင်းဖြစ် သည်ဟု ဆိုသည်။

''ပရိသတ်တွေကို တင်ဆက်မှု အနေနဲ့ပြသသွားချင်တယ်။ နောက် ပိုင်းတော့ ဇာတ်လမ်းတွဲရိုက်ရင် ကောင်းမလားဆိုပြီးတော့ စဉ်းစား ထားတယ်။ အဲဒီအခါကျမှ ပရိသတ် က အကြာကြီးကြည့်ရမှာပါ။ အဲဒီလို တော့ စဉ်းစားမိတယ်''ဟု မိုးစက်ဝိုင် က ဆိုသည်။

လက်ရှိရိုက်ကူးထားသည့် တီဗွီ ပရိုဂရမ်တွင် မြန်မာပြည်အနှံ့မှ မြန် မာ့ ယဉ်ကျေးမှုများကို ထုတ်ဖော်ခွင့် ရသဖြင့် ၄င်းအနေဖြင့် ကျေနပ်အား ရသည့် အစီအစဉ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

၎င်းအနေဖြင့် Miss Universe Myanmar ရထားပြီးနောက် အနု ပညာ လုပ်ငန်းကိုလုပ်ဆောင်ရန် ဝါ သနာပါသော်လည်း ဖြစ်သင့်သည်ကို ဦးစားပေးရွေးချယ်သည့်အတွက် စီး ပွားရေးလုပ်ရန်သာ ရွေးချယ်လိုက် ခြင်းဖြစ်သည်ဟု ဆိုသည်။

''မိုးစက်ရဲ့ ခံယူချက်ကတော့ အလုပ်တိုင်း မိုးစက်လုပ်ဖို့ မရှိပါဘူး။ မိုးစက်အတွက် သင့်တော်ပြီး မိုးစက် လုပ်သင့်တဲ့ဟာတစ်ခုဆိုရင် လုပ်မယ်။ ဝါသနာတော့ပါတယ်။ အမှန်တိုင်း ပြောရမယ်ဆိုရင် ငယ်စဉ်ဘဝတုန်း ကတော့ ပိုပြီးပါတယ်။ ဒါပေမဲ့ တက္က သိုလ်ပြီး၊ ဘွဲ့လဲရ၊ ဒီအရွယ်ရောက်ပြီ ဆိုတော့ ကိုယ့်ဝါသနာထက် ဖြစ်ချင် တာထက်ဖြစ်သင့်တာကို ဦးစားပေး ရမယ့် အရွယ်ရောက်ပြီးတဲ့အတွက် စီးပွားရေးဘက်ကိုပဲ သွားသင့်တယ် လို့ ယုံကြည်ပါတယ်''ဟု မိုးစက်ဝိုင် က ဆိုသည်။

ဒီမိုကရေစီတူဒေး ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment