Pages

Pages - Menu

Tuesday, December 30, 2014

အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်


RangonNewsDaily:: December . 30 .2014
မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့် ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။

‘‘ဒီနှစ်အကယ်ဒမီက ပညာ ကိုပေးတာလား။ လူကိုပေးတာ လား။ အကယ်ဒမီနဲ့ လွဲခဲ့ရတဲ့အ တွက်ဘယ်လိုမှ မခံစားရပေမယ့် ဒီနှစ်ဆုရသွားတဲ့လူ တချို့ကိုပဲ ပြောချင်ပါတယ်’’ဟု ၎င်းကဆို သည်။

‘‘သတင်းစာရှင်းလင်းပွဲလုပ် တာကတော့ သူ့ရဲ့ဆန္ဒအရလုပ် တာဆိုတော့ ဘာမှပြောစရာမရှိ ဘူး။ ဇာတ်ကားတွေ မကြည့်ဘဲ ပေးတယ်ဆိုတာကတော့ သူမသိ ဘဲ ရမ်းပြောနေတာပါ။ ဇာတ်ကား တစ်ကားကို လေးငါးခါလောက် ပြန်ကြည့်ရပါတယ်။ ကျွန်တော် တို့ အကဲဖြတ်အဖွဲ့ဝင် ၃၆ ယောက်လောက်ရှိပါတယ်။အား လုံးကိုမေးကြည့်နိုင်ပါတယ်’’ဟု အကယ်ဒမီနောက်ဆုံးအကဲဖြတ် အဖွဲ့ဝင် ဒါရိုက်တာဦးနှင်းမိုးက ပြောသည်။

၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် အကယ်ဒမီဆုမှာ နတ် ကြီးကြောင်း သိဖြစ်ပြီးဖြစ် ကြောင်းနှင့် ဇာတ်ကားမကြည့်ဘဲ အဖွဲ့အစည်းက ကြိုတင်ပေးထား ခြင်းဖြစ်ကြောင်း၊ မရိုးသားသည့်အကယ်ဒမီ ပတ်သက်ရာ ပတ်သက်ကြောင်းသာဖြစ်ပြီးလူတစ်စု ကောင်းစားနေရာရဖို့ဖွဲ့စည်းပြီး အနုပညာအဖွဲ့အစည်း အမည်သုံး စပွန်ဆာအမြောက်အမြားယူ၍ လုယက်စားသောက်နေကြသော ရုပ်ရှင်အစည်းအရုံးအားရှုတ်ချပါ ကြောင်းနှင့် စစ်မှန်သောအကယ် ဒမီကိုသာမျှော်လင့်ပြီး နိုင်ငံတော် မှပေးသည့် အကယ်ဒမီဆုသာ တော်ကာကျကြောင်း ဖော်ပြ ထားသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သော ယင်းစာများကို ပြန် လည်ရုတ်သိမ်းခဲ့ပြီး ထိုသို့ဖျက်ရ ခြင်းမှာ ကိုယ့်စကားကိုယ် တာဝန်မယူနိုင်၍မဟုတ်ဘဲ ကောမန့်နေရာတွင် ပရိသတ်အချင်းချင်းမိုက်ရိုင်းစွာ ပြောဆိုလာခြင်း ကြောင့် ဖျက်လိုက်ရခြင်းဖြစ် ကြောင်း သီင်္ဂီထွန်းကပြောသည်။

သရုပ်ဆောင် သီင်္ဂီထွန်း သည် စုန်းပြူးဇာတ်ကားဖြင့်အမျိုး သမီးဇာတ်ပို့ဆုကို သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်နှင့်အ တူ ထင်ကြေးပေးခံခဲ့ရသူဖြစ် သည်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily, KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment