Pages

Pages - Menu

Friday, December 5, 2014

အယောင်ဆောင်ရဟန်းနှင့် သီလရှင်အလှူခံများ စစ်ဆေးအရေးယူမည်

RangonNewsDaily:: December . 5 .2014
ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုက်လံအလှူခံနေသည့် ရဟန်း၊ သာ မဏေနှင့် သီလရှင်များအား စစ်ဆေး အရေးယူ ဆောင်ရွက်ချက်ကို ဒီဇင် ဘာမှစ၍ မြို့နယ်တိုင်းတွင် ဆောင် ရွက်မည်ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။
သာသနာတော် သန့်ရှင်းတည် တံ့ပြန့်ပွားစေရေးအတွက် နိုင်ငံတော် အဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် မြို့နယ်များတွင် သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ များကိုဖွဲ့စည်းကာ သာမဏသာရုပ (ကြည်ညိုဖွယ် ယောင်ဆောင်သော)မဖြစ်သော ရဟန်း၊ သာမဏေ၊ သီလ ရှင်များကို ထိန်းသိမ်း အရေးယူဆောင် ရွက်ရန် စီမံချက်ရေးဆွဲပြီး ဆောင် ရွက်ခြင်းဖြစ်သည်။

''အဓိကတော့ ရဟန်း၊ သီလရှင် တွေကို အဓိကထားပြီး အလှူခံတွေ့ ရင် သီတင်းသုံးနေတဲ့ ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘယ်အချိန် က ရဟန်းဖြစ်တယ်။ စတာတွေ စစ် ဆေးတယ်။ အထောက်အထား မရှိ ရင် နောက်ကို ဒါမျိုးအလှူခံတာမျိုး တွေ ထပ်မလုပ်အောင် ခံဝန်ကတိ ထိုး ခိုင်းမယ်။ ထပ်ပြီးစစ်ဆေးတွေ့ရှိရင် တော့ သက်ဆိုင်ရာ အာဏာပိုင် လက် ကိုပဲ အပ်လိုက်ပြီး အရေးယူမှုတွေ လုပ် သွားမယ်''ဟု ကမာရွတ်မြို့နယ် သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ ဒုဥက္ကဋ္ဌ ဦးသောဘနက မိန့်သည်။
::
ထို့ပြင် ကားများ၊ အသံချဲ့စက် များနှင့် နယ်ကျော်အလှူခံခြင်းကိုလည်း ပစ္စည်းသိမ်းသည်အထိ စစ်ဆေးအရေး ယူသွားမည်ဖြစ်ပြီး အရက်သေစာ သောက်စားကာ ရဟန်းအယောင် ဆောင်သူများ တွေ့ရှိပါက အရေးယူ မည်ဖြစ်ကြောင်း သိရသည်။

''ကျောင်းတိုက်တွေက သံဃာ တော်တွေ၊ သီလရှင်တွေပါ မြို့ဖိတ်၊ တောဖိတ် နှစ်ရက်တည်းပဲ အလှူခံ လို့ရတော့မယ်။ တခြားရက်တွေဆို မ ရဘူး။ တရားပွဲတွေဆိုလဲ တရားပွဲရှိ တဲ့ နေရာမှာပဲ အလှူခံလို့ရမယ်။ ရပ် ကွက်တွေထဲကို အလှူခံလို့မရဘူး။ သာ သနာ သန့်ရှင်းအောင် ဒီစီမံချက်ကို အမြစ်ပြတ်တဲ့အထိ ဆောင်ရွက်သွား မယ်''ဟု ဆက်လက်မိန့်သည်။
::
ရဟန်း၊ သံဃာနှင့် မယ်သီလရှင် အတုအယောင်ပြုလုပ်ပြီး အလှူခံခြင်း ကို မြို့နယ်သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့ နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်း မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီး သတ် တပ်ဖွဲ့ဝင်များက ဒီဇင်ဘာမှစ ၍ နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ် ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ကျွန်တော်တို့မြို့နယ်မှာ စီမံချက်နဲ့ စပြီးဆောင်ရွက်တယ်။ မနက် က သီလရှင်အဘွားကြီးတစ်ဦးကို စစ် ဆေးတော့ ကျောင်းတို့၊ မြို့နယ်တို့ ဘာ အထောက်အထားမှ မပြနိုင်တဲ့အတွက် ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်။ အသက် ကလဲ ၈ဝ ကျော်နေတော့ နောက် ဒါ မျိုးအလှူမခံဖို့ ပြောလိုက်ပါတယ်''ဟု ကမာရွတ်မြို့နယ် လက်ထောက် သာ သနာရေးမှူးဦးမြင့်သန်းက ပြောသည်။
::
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဘုန်း တော်ကြီးကျောင်း ၆၁၉၆၅ ကျောင်း၊ သီလရှင်ကျောင်း ၃၉၃၁ ကျောင်း၊ သံ ဃာအပါး ၁ဝဝ အထက် စာသင်တိုက် ပေါင်း ၄၂၈ တိုက်ရှိကြောင်း သာသနာ ရေးဝန်ကြီးဌာနမှ သိရသည်။

The Yangon Times ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment