Pages

Pages - Menu

Monday, December 15, 2014

အချင်းချင်းစကားများရာမှ တရားမ၀င်နေထိုင်ကြောင်း ပေါ်ပေါက်၍ မလေးရှားရှိ မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

RangonNewsDaily:: December . 15 .2014
မလေးရှားနိုင်ငံရှိ တရားမ၀င်မြန်မာလုပ်သားများ ငှားရမ်းနေထိုင်သည့် အိမ်တစ်လုံးတွင် အချင်းချင်း စကားများရန်ဖြစ် သောကြောင့် မလေးရှားရဲတပ် ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထို အိမ်တွင် ငှားရမ်းနေထိုင်သည့် တရားမ၀င်မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ၊ ပီနန်မြို့ စွန်ဂိုင်းပသနီရပ်ကွက်ရှိ နေအိမ် တစ်လုံးတွင် ငှားရမ်းနေထိုင်သောတရားမ၀င် မြန်မာလုပ်သား ၄၆ ဦးသည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ရောက်ရှိလာ ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် ၁၀ ရက်သာ နေထိုင်ရသေး ကြောင်း သိရသည်။

ဖမ်းဆီးခံရသော မြန်မာလုပ် သားများသည် ၎င်းတို့နေအိမ် အတွင်း အော်ဟစ်စကားများရန် ဖြစ်ခြင်းကြောင့် မလေးရှား ဒေသ ခံများက သွားရောက်စုံစမ်းရာ အ၀တ်အစားသပ်ရပ်စွာ ၀တ်မ ထားသည့် နိုင်ငံခြားသားများ တွေ့ရသောကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာမှ ဒီဇင်ဘာ ၁၂ ရက် နံနက်တွင် ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်း မလေးရှား ရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော ကိုမျိုးကပြော သည်။

‘‘ထိုင်းဘက်ကနေလာကြတဲ့ သူတွေလို့သိရပါတယ်။ သူတို့ ဒီကိုရောက်တာလည်း မကြာသေးဘူးလို့သိရတယ်။ အလုပ်ကမရ သေးတော့ စားစရာကလည်း မရှိ လို့ ဘာမှ မစားရတာသုံး၊လေးရက်ရှိ ပြီလို့သိရတယ်။ အဲဒီမှာသူတို့ အ ချင်းချင်းစကားများကြတာ လူသိသွားပြီး အဖမ်းခံရတာပဲ’’ဟု ကိုမျိုးကပြောသည်။

မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သော မြန်မာနိုင်ငံ သားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးပြန်ရန် မလေးရှားအစိုးရက ကြေညာထားသည်။ ဖမ်းဆီးခံရ ပါက (3+1) စီမံချက်အရ ထောင် သုံးလနှင့် ကြိမ်ဒဏ်တစ်ချက် ချ မှတ်ခံရမည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် တရား မ၀င်နိုင်ငံသားများ ဖမ်းဆီးမည့် အစီအစဉ်ကြောင့် တရားမ၀င် နေထိုင်သော မြန်မာလုပ်သားများ မှာ နိုင်ငံသားမှတ်ပုံတင်မရှိ၍ ပြန်လာရန် အခက်အခဲဖြစ်နေ ကြောင်း သတင်းရရှိသည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment