ကန်ကြီးဗလီ အား နံနက်ပိုင်းတွင် အမိုးများစတင်ဖြိုချပုံ(မူရင်း။ စန္ဒောဘာသ ဖေ့စ်ဘုတ် စာမျက်နှာ)
RangonNewsDaily:: November . 20 .2014မ.ဘ.သ လမ်းညွန်ချက်ဖြင့် အာဏာပိုင်များက ဆောင်ရွက်ပေးခဲ့သည့် ရမည်းသင်းမြို့ ကန်ကြီးဗလီဝတ်ကျောင်းတော်ကိုယ်ထည်တစ်ခုလုံးအား မြေကော်ကားများဖြင့်ဖျက်ဆီးပြီးဖြစ်ကြောင်း ရမည်းသင်း မ.ဘ.သ ဥက္ကဌ ဆရာတော် ဦးစန္ဒောဘာသက ဌင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ကြေညာထားသည်။
ကန်ကြီးဗလီအား ဖျက်ဆီးပုံကို “ နံနက် (8:00)နာရီမှ စတင်ပြီး အပေါ်ပိုင်းပြီးစီးကာ ည(8:30)မှ ဘက်ဖိုးကားနှင့် ဆက်လက်ရှင်းလင်း ရာ ည(9:40)မှာ အားလုံးပြီးစီး၍ ပစ္စည်းများသယ်ယူရေး နံနက်ပိုင်းမှာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်
ပစ္စည်းများကို မြို့နယ် မီးသတ်ဝင်းအတွင်း (၆) လတိတိထားရှိထားပါမည် အစ္စလာမ်ဘာသာဝင် တာဝန်ရှိသူများယူဆောင်ခြင်းမရှိတော့ပါက မီးသတ်ဝန်း အဆောက်အဦအတွက် လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ကြောင်းသိရပါသည်”ဟု ရမည်းသင်း မ.ဘ.သ ဥက္ကဌဆရာတော် ဦးစန္ဒောဘာသ က ဌင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ရေးသားဖေါ်ပြထားသည်။
ကန်ကြီးဗလီဖျက်ရေးအားကြိုးမန်တက် ဆောင်ရွက်ခဲ့သည့် ဗုဒ္ဓသားတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးစန္ဒောဘာသ(ရမည်းသင်း မ.ဘ.သ ဥက္ကဌ ဆရာတော်)(မူရင်း။ စန္ဒောဘာသ ဖေ့စ်ဘုတ် စာမျက်နှာ)
“သူတို့လူတွေကလွဲလို့ မွတ်စလင်မ်တွေဝင်ကြည့်လို့မရအောင်၊ ဓာတ်ပုံမှတ်တမ်းယူလို့မရအောင် လုံခြုံရေးက လမ်းတွေပိတ်ပြီး စနစ်တကျစောင့်ပေးတယ်။ပြီးတော့ ညအချိန်ရောက်တော့မှ ဘက်ဖိုးကားတွေက မီးပဲဖွင့်ပြီး ဗလီကို ဘက်ဖိုးမောင်းတံကြီးတွေနဲ့ ရိုက်ရိုက်ဖျက်တာ။ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်လို့မရအောင်အဓိက ရည်ရွယ်တဲ့သဘောဖြစ်မယ်”ဟု ဒေသခံတစ်ဦးက Myanmar Muslim Media သို့ပြောသည်။
MyanmarMuslimMedia , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment