Pages

Pages - Menu

Sunday, November 9, 2014

ယခုရက်ပိုင်းအတွင်း မိုဘိုင်းဖုန်းလိုင်းများ ကျပ်နေဦးမည်

RangonNewsDaily:: November . 8 .2014
ယခုရက် ပိုင်းအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆို ရာတွင် လိုင်းကျပ်တည်းမှုများဖြစ်ပေါ် နေဦးမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
နိုဝင်ဘာ၆ရက်က လေပြင်းတိုက် ခတ်မှုကြောင့် မိုဘိုင်းဆက်သွယ်ရေး ပစ္စည်းအချို့နှင့်ဖိုက်ဘာလိုင်းအချို့ ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် မိုဘိုင်းဖုန်းများခေါ်ဆိုရာ၌ လိုင်းကျပ် တည်းမှုမရှိစေရန် ပြုပြင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အင်ဂျင်နီယာတစ်ဦးက ''လတ် တလောကတော့ မိုဘိုင်းဖုန်းခေါ်ဆို မှုတွေ လိုင်းကျပ်နေဦးမှာပါ။ အဓိက က ဓာတ်အားလိုင်းတွေ ပြတ်တောက် တဲ့အတွက် ဖုန်းလိုင်းတွေပါလိုင်းမျှ ပြီးပေးနေရတယ်။ အခုတစ်ရက်၊ နှစ် ရက်အတွင်း အမြန်ဆုံးကောင်းအောင် ပြုပြင်နေပါတယ်''ဟုပြောသည်။

ယင်းသို့မိုဘိုင်းဆက်သွယ်ရေး ပစ္စည်းအချို့ပြတ်တောက်သည့်မြို့ နယ်မှာ လှိုင်မြို့နယ်နှင့်အနီးတစ်ဝိုက် ဖြစ်ပြီး လိုင်းကျပ်တည်းမှုများမှာလည်း ယင်းနေရာနှင့်အနီးအနားနေရာများ တွင်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်းသိ ရသည်။

''အခုက လိုင်းမျှသုံးနေရတဲ့ အတွက် Network Busy တွေလဲ ဖြစ်နေနိုင်ပါတယ်။ အမြန်ဆုံးကောင်း အောင်ကွင်းဆင်းပြင်ဆင်နေတာတွေ လုပ်နေပါတယ်''ဟုပြောသည်။
အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောမှာလည်း အဆိုပါ နိုဝင် ဘာ၆ရက်တွင် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုများရှိခဲ့ပြီး အချိန်မီပြု ပြင်ပေးခဲ့သည်ဟု သိရသည်။

Yangon Media ,
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment