Pages

Pages - Menu

Tuesday, November 4, 2014

အခေါက်ရွေဈေး အကျကြမ်း


RangonNewsDaily:: November . 4 .2014
ပြည်တွင်း အခေါက်ရွှေဈေးမှာ ငါးရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သောင်းခြောက်ထောင် ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေး အနိမ့်ဆုံးဈေး ထိုးကျသွားတာကြောင့် အခုလို ရွှေဈေးတွေ ကျဆင်းနေရတာလို့ သူက ရှင်းပြပါတယ်။

“ကမ္ဘာ့ရွှေဈေးပေါ် မူတည်ပြီး ပြည်တွင်း ရွှေဈေးကလည်း ဈေးကစားသွားမှာမို့ ဆက်ပြီးကျမယ် မကျဘူးကို ခန့်မှန်းလို့ မရသေးဘူး ဖြစ်နေတယ်”လို့ ဦးဝင်းမြင့်က ပြောပါတယ်။

နိုဝင်ဘာလ ၃ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားကို ၆၄၄၀၀၀ ကျပ် ကမ္ဘာ့ရွှေ တစ်အောင်စကို ၁၁၇၀ ဒေါ်လာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားကို ၆၆၀၀၀၀ ကျပ် ကမ္ဘာ့ရွှေ တစ်အောင်စကို ၁၂၂၉ ဒေါ်လာ ဈေးရှိတယ်လို့ ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက်ဆီက စုံစမ်းသိရှိရပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment