Pages

Pages - Menu

Wednesday, November 19, 2014

ကိုလံဘတ်စ် မတိုင်မီ ရာစုနှစ် သုံးခုကျော် ကပင် မွတ်စလင်များက အမေရိက တိုက်ကို တွေ့ရှိခဲ့ဟု တူရကီ သမ္မတ ပြောကြား

RangonNewsDaily:: November . 19 .2014
အမေရိကတိုက်အား ခရစ်စတိုဘာ ကိုလံဘတ်စ် မတွေ့ရှိခင်ကပင် မွတ်စလင်များက တွေ့ရှိခဲ့ကြောင်း တူရကီသမ္မတရီကက်တီယစ် အာဒိုဂန်က ပြောကြားလိုက်သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစ္စတန်ဘူ မြို့တွင် ကျင်းပသည့် လက်တင် အမေရိက မွတ်စလင် ခေါင်းဆောင်များ ညီလာခံ တွင် အာဒိုဂန်က ယင်းကဲ့သို့ ပြောကြားခဲ့ပြီး ကိုလံဘတ်စ်၏ နေ့စဉ် မှတ်တမ်း တစ်ခုတွင် ကျူးဘားနိုင်ငံ အတွင်းရှိ တောင်ကုန်း တစ်ခု ပေါ်၌ မွတ်စလင် ဗလီတစ်ခု တွေ့ရှိ ခဲ့ကြောင်း ရေး သားထားသည်ကို ကိုးကား၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"မွတ်စလင် သင်္ဘောသား တွေက အမေရိကတိုက်ကို ၁၁၇၈ ခုနှစ်ကတည်းက ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်" ဟု အာဒိုဂန်က ပြောကြားသည်။ ၎င်းအနေဖြင့် အခြား ခိုင်မာသည့် အထောက်အထား တစ်ရပ်ရပ်ကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း လက်တင်အမေရိက တိုက်နှင့် အစ္စလာမ် ၀ါဒ စတင် ဆက်ဆံမှုမှာ ၁၂ ရာစု ကပင် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
::
ကိုလံဘတ်စ် တွေရှိခဲ့သော အဆိုပါ ဗလီနေရာတွင် မိမိအနေဖြင့် ဗလီတစ်လုံး ပြန်လည်တည်ဆောက် လိုကြောင်းလည်း အာဒိုဂန် က ပြောကြား ခဲ့သည်။ ကိုလံဘတ်သည် အိန္ဒိယသို့ သွားသည့် လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေစဉ် အမေရိက တိုက်ကို ၁၄၉၂ ခုနှစ်ကပင် စတင်တွေ့ရှိခဲ့သည်ဟု လက်ခံ ယုံကြည်ထား သည်။

သို့သော် သမိုင်းပညာရှင် ယူဆတ်မာရူး ရေးသားပြီး ၁၉၉၆ ခုနှစ်က ဖော်ပြခဲ့သည့် အငြင်းပွားဖွယ် ရာ ဆောင်းပါး တစ်ပုဒ်တွင် ကိုလံဘတ်စ် အနေဖြင့် အမေရိက တိုက်သို့ ရောက်ရှိသွားသည့် အချိန်တွင် မွတ်စလင်များက ဦးစွာ ရောက်ရှိနေပြီး ဖြစ်ကာ အစ္စလာမ် ဘာသာသည်လည်း ရောက်ရှိ နေပြီဖြစ် ကြောင်း ရေးသားခဲ့သည်။
::
သို့သော် အဆိုပါ ရေးသားမှုသည် ဗလီတစ်လုံး၏ အစိတ်အပိုင်းနှင့် ဆင်တူသော တောင်ကုန်း တစ်ခုအား တင်စား ရေးသား ထားခြင်း သာ ဖြစ်ကြောင်း ပညာရှင် အများအပြားက လက်ခံထားသည်။

အမေရိက တိုက်သို့ ပထမဆုံး ရောက်ရှိသူများမှာ အာရှတိုက်သားများ ဖြစ်ပြီး လွန်ခဲ့သော နှစ် ၁၅၀၀၀ ခန့်က ဘာရင်း ရေလက်ကြား ကို ဖြတ်သန်း ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သမိုင်း ပညာရှင်များက ယုံကြည် ထားသည်။

Ref: BBC , Mizzima ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment