Pages

Pages - Menu

Tuesday, November 4, 2014

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အမျိုးသား ဗန်းကိုင်များခေါ်ယူ


RangonNewsDaily:: November . 4 .2014
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးသည့် သက်တမ်းတစ်လျှောက်တွင် ထူးချွန်ဆု ချီးမြှင့်သည့်နေရာ၌ ပါဝင်ကူညီရန် အမျိုးသမီးများကိုသာ ခေါ်ယူလေ့ရှိသော် လည်း ယခုနှစ်တွင်မူ ပထမဆုံးအကြိမ် အမျိုးသားများကိုပါ ခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
‘‘ဒီနှစ်က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက စလုပ်တဲ့ နှစ်ဆိုတော့ ခါတိုင်းပုံစံ တွေထဲကနေ ခွဲထွက်ချင်တယ်။ တစ်ချိန်လုံးဒီပုံစံကြီးထဲမှာ မနေချင်ဘူး။ အဲဒါ ကြောင့် ခုနှစ်မှာ နည်းနည်းလေး ဆန်းသွားအောင် ယောက်ျားလေးတွေပါ ရွေးမယ်’’ဟု အကယ်ဒမီ ပံ့ပိုးမှုကော်မတီမှ ဒါရိုက်တာ အိအိခိုင် က ပြောသည်။

ယခင်နှစ်များတွင် ဗန်းကိုင် အမျိုးသမီးရှစ်ဦး ရွေးချယ်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ထူးချွန်ဆုချီးမြှင့်သည့် နေရာ၌ ပါဝင်ကူ ညီနိုင်ရန် အမျိုးသား၊ အမျိုးသမီး စုံတွဲ ငါးတွဲ စုစုပေါင်း ဆယ်ဦးရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘တက်သစ်စ ကလေးတွေအတွက်လည်း ဒီနေရာကနေ အခွင့်အရေးတွေရသွား မယ်။ အများအ မြင်မှာလည်း မျက်စိပသာဒ ဖြစ်စေချင်တယ်။ နှစ်တိုင်း မိန်းက လေးတွေချည်းပဲ ဆိုတာထက် ယောက်ျားလေးတွေလည်း ထည့်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ လုပ်ဖြစ်သွားတာပါ’’ဟု ဒေါ်အိအိခိုင် က ပြောသည်။

အကယ်ဒမီဗန်းကိုင် လျှောက်လွှာများကို နိုဝင်ဘာ ၄ ရက်မှ စတင်၍ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ထုတ်ယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးက သတင်း ထုတ်ပြန်ထားသည်။

ဗန်းကိုင်ဆိုသည့် အသုံးအနှုန်းကိုလည်း ပြောင်းလဲသွားရန် အစီအစဉ်ရှိပြီး လက်ရှိတွင် အတည်တကျ မဖြစ်သေးဘဲ စဉ်းစားသည့် အဆင့်တွင်သာ ရှိသေး ကြောင်း သတင်းရရှိသည်။

7Day Daily, KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment