Pages

Pages - Menu

Sunday, November 9, 2014

မြန်မာနိုင်ငံဆိုက်ဘာဥပဒေအကြောင်း တစေ့တစောင်း

RangonNewsDaily:: November . 9 .2014
မြန်မာနိုင်ငံတွင်အီလက် ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေ၊ သက်သေခံလက်မှတ်ထုတ်ပေးရေးနည်းဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ကို အင်တာနက်အသုံးပြုမှုဥပဒေ (Cyber Law) အဖြစ် ပြဋ္ဌာန်းထားကြောင်းသိရသည်။အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ
အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ (The Electronic Transactions Law) ကို ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၅/၂ဝဝ၄ အဖြစ် ကြေညာခဲ့သည်။ အခန်း ၁၃ ခန်းပါဝင်ပြဋ္ဌာန်းထားပြီး ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်း ဖော်ပြထားသည်။ 

ယင်းဥပဒေအရ အရေးယူတရားစွဲဆိုရာ တွင် ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ယူရန်နှင့် စွဲဆိုသောအမှုသည် ရဲအရေး
ပိုင်သော အမှုဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ 

ယင်းဥပဒေ၏ အခန်း ၁၂ ပါ ပြစ်မှုနှင့်ပြစ်ဒဏ် များအရ မည်သူမဆို အီလက်ထရော နစ်ဆက်သွယ်ဆောင်ရွက်ရေး
နည်းပညာကို အသုံးပြု၍ ပြစ်မှုတစ်ခုခုကို ကျူး လွန်မိကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ထောင်ဒဏ်မှာလည်း အများ ဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း တွေ့ရသည်။

ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေ
ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ (The Computer Science Development Law) ကို ၁၉၉၆ခု စက်တင်ဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝိပိပြားမှု တည် ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁ဝ/၉၆ အဖြစ် ထုတ်ပြန်ကြေညာ၍ ပြဋ္ဌာန်းသည်။ ၁၉၉၈ ခု ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။ 

အ ထက်ပါ ဥပဒေအရ ကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ ဤဥပဒေတွင် အခန်း ၁၁ ခန်းပါဝင် ပြီး ပြစ်မှု၊ ပြစ်ဒဏ်များကို လည်း ပြဋ္ဌာန်း ထားသည်။ ယင်း ဥပဒေ၏အခန်း ၁ဝ ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအရ မည်သူမဆို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပြည်ပမှ တင်သွင်းခြင်း လက် ဝယ်ထားရှိခြင်း (သို့) အသုံးပြုခြင်းပြုကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေ ဒဏ်လည်း ချမှတ် နိုင်သည်။ 

ထို့ပြင် မည်သူ မဆို ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရဘဲ ကွန်ပျူတာကွန်ရက် ထူထောင်ခြင်း သို့မ ဟုတ် ကွန်ပျူတာကွန်ရက်အတွင်း ဝင် ရောက်ချိတ်ဆက်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားပါက ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည့်ဟုပြဋ္ဌာန်းဖော်ပြထားသည် ကို တွေ့ရှိရသည်။

အွန်လိုင်းမီဒီယာ
ကမ္ဘာကြီးအား ကွန်ရက်တစ်ခု သဖွယ်ဖြစ်လာစေသော အင်တာ နက်နည်းပညာပေါ်ပေါက်လာပြီး နောက်တွင် နိုင်ငံအားလုံး၌ ပြစ်ချက် တွင် ပါဝင်နိုင်ခွင့်၊ ထင်မြင်ယူဆ ချက်များကို ဖော်ပြနိုင်ခွင့်များ ရရှိ လာကြသည်။ ဒီမိုကရေစီနှင့် အသားမကျ သေးသည့် နိုင်ငံများရှိ မီဒီယာလမ်း ကြောင်း (သတင်းစာ၊ ရေဒီယို၊ ရုပ် မြင် သံကြား) တော် တော်များများသည် အာဏာပိုင်များ ၏လက်အောက်တွင် ရှိနေကြသည် က များသည်။ 

ဤတွင် တီထွင် ဖန်တီးနိုင်စွမ်းရှိသော အင်တာနက်မီဒီယာ (Website, Blog, Social Networks) များသည် အစဉ်အလာအားဖြင့် မီဒီယာမစွမ်းဆောင်နိုင်သော လုပ်ပိုင်ခွင့်များကို ပြည်သူတစ်ဦးချင်း အားပေးစွမ်းနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း အချို့ သော အာဏာရှင်နိုင်ငံများတွင် အွန်လိုင်းမီဒီယာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် စိစစ်နေဆဲဖြစ်သည်ကို တွေ့ရှိရသည်။

အင်တာနက်လွတ်လပ်ခွင့် ကြေညာ စာတမ်း
Geneva Declaration on Internet Freedom ကို ၂ဝ၁ဝ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အပိုဒ်ပေါင်း ၁၁ ပိုဒ် ပါဝင်သည်။ ဂျီနီဗာကြေညာစာတမ်းအရ အင်တာနက်ကို လွတ်လပ်စွာအသုံး ပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်၊ လွတ်လပ် ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင်ကို အပြည့်အဝခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။

ထို့ပြင် အင်တာ နက်လွတ်လပ်ခွင့် အခြေအနေများ ဆိုးဆိုးရွားရွားခြိမ်းခြောက်ခံနေ ရသော နိုင်ငံများတွင် နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ် လစ်များနှင့် ဘလော့ခ်ဂါများသည် အကျဉ်းကျခံနေကြရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီးလို အပ်နေကြောင်း လည်း ကြေညာ စာ တမ်း တွင် ဖော်ပြထားသည်။
ဘလော့ခ်ဂါတစ်ဦး

popularmyanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment