Pages

Pages - Menu

Tuesday, November 11, 2014

အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်ဘုရားဖူးယာဉ်မှောက်


RangonNewsDaily:: November . 11 .2014
အမြန်လမ်းတွင် ရွှေကြေးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော ရွှေကြေးစည်ဘုရားဖူး
ယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။



‘‘ယာဉ်အကူနဲ့ သူ့သူငယ်ချင်းတစ်ယောက် ဒဏ်ရာရတယ်။ ကျန်တာက အမျိုးသမီးတွေပဲ။ တောင်

ဥက္ကလာက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲစိုးရိမ်ရ
တာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

7daydaily ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment