Pages

Pages - Menu

Friday, November 21, 2014

ရင်သားကင်ဆာရှိမရှိ ချက်ချင်းစမ်းသပ် စစ်ဆေးကြည့်ဖို့လိုတယ်

RangonNewsDaily:: November . 20 .2014
မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာဟာ ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။ ကျန်းမာရေး အသိအမြင်နည်းပါတဲ့ ဒေသတွေမှာ ဆေးကုသမှုမရဘဲ အသက်ဆုံးရှုံးမှုတွေပါ ဖြစ်နေကြတာမို့ ရင်သားမှာ အဖု၊ အကြိတ်ဖြစ်တာနဲ့ နာကျင်မှုခံစားရပြီဆိုရင်တော့ ချက်ချင်းပဲ စမ်းသပ် စစ်ဆေးဖို့ လိုနေပါပြီ။
ရင်သားကင်ဆာဟာ ကျားမမရွေး ဖြစ်လေ့ရှိပြီး အမျိုးသမီးတွေကတော့ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄ဝကျော်မှာ အဖြစ်များပါတယ်။ ရင်သားကင်ဆာ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးနိုင်ဖို့ ပန်းလှိုင်ဆေးရုံမှာ Breast Imaging Center လို့ခေါ်တဲ့ ရင်သားပုံရိပ်ဖော်စမ်းသပ်မှုဟာ ကုန်ကျစားရိတ်မများဘဲ ခွဲစိတ်ကုသစရာမလိုဘဲ စမ်းသပ်စစ်ဆေးပေးနေပါတယ်။

မလိုအပ်ဘဲ ခွဲစိတ်မှုတွေမဖြစ်ရအောင် ပုံရိပ်ဖော်စက်နဲ့ စစ်ဆေးပြီး မသင်္ကာရင်တောင် Mammogram နဲ့ရိုက်ပြီး ခွဲစိတ်စရာမလိုဘဲ အသားစထုတ် စစ်ဆေးကြည့်နိုင်တာကြောင့် ရင်သားကင်ဆာ ရှိမရှိ စောစောစီးစီး ကြိုသိနိုင်ဖို့ နိုင်ငံတကာအဆင့်မီ စမ်းသပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားတယ်လို့ ဒေါက်တာ အေးမင်းက ပြောပါတယ်။


လိုအပ်လို့ ခွဲစိတ်ရမယ်ဆိုရင်တောင် တစ်ခါတည်း ပြည့်စုံလုံလောက်တဲ့ ကုသပေးနိုင်တဲ့ ကျွမ်းကျင်ဆရာဝန်ကြီးတွေ၊ ခွဲစိတ်ကိရိယာတွေ အစုံအလင်ရှိလို့ စင်္ကာပူနဲ့ထိုင်းတို့ထက် သာလွန်တဲ့ ဝန်ဆောင်မှု ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။


ပန်းလှိုင်ဆေးရုံရဲ့ ရင်သားပုံရိပ်ဖော်ဌာနမှာ Brest Ultrasound, Digital CRနဲ့ Mammogram တို့နဲ့ စစ်ဆေးနိုင်သလို အမေရိကန်ပြည်ထောင်စုက ကျွမ်းကျင်ပညာရှင်၊ အထူးကုဆရာဝန်တွေနဲ့ စမ်းသပ် ဆွေးနွေးမှုကို ၄သောင်းခွဲနဲ့ ပြုလုပ်ပေးနေပြီး တစ်နှစ်တစ်ခါ ၂ဝ ရာခိုင်နှုန်းဈေးလျှော့ပြီး ဝန်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။


ရင်သားပုံရိပ်ဖော်ဌာနမှာ မြန်မာအမျိုးသမီးတွေအားလုံး ရင်သားနဲ့ပတ်သက်တဲ့ ရောဂါမှန်သမျှ ဈေးချိုချိုနဲ့ စစ်ဆေးနိုင်ဖို့ ပြီးခဲ့တဲ့ မေလက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းနဲ့ ကျွမ်းကျင် ပညာရှင်တွေက PACS System အသုံးပြုတာကြောင့် ပုံရိပ်တွေကို မှတ်တမ်းတင်ထားပြီး နောက်နှစ်တွေမှာ ဆက်လက် စစ်ဆေးမယ်ဆိုရင် မှတ်တမ်းတွေကို နှိုင်းယှဉ်ကြည့်နိုင်တာမို့ တိကျခိုင်မာတဲ့ အဖြေကို ထုတ်ပေးနိုင်ပြီလို့ မခင်နှင်းဖြူဖြူဖွေးက ပြောပါတယ်။

Kamayut , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment