Pages

Pages - Menu

Saturday, November 22, 2014

မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျားရပ်ကွက်တွင် ကားကိုကျော်တက်စဉ် ကားနှင့်ချိတ်မိရာမှ ဆိုင်ကယ်မောင်းနှင်သူသေဆုံး

RangonNewsDaily:: November . 22 .2014
မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျားရပ်ကွက် ကန်ဖျားလမ်းမကြီး အင်းဝမင်္ဂလာခန်းမအနီး စမိုင်းလ်
စတိုးဆိုင်ရှေ့၌ နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီတွင် ကန်ဖျားလမ်းမကြီးအတိုင်း မြောက်မှ
တောင်သို့ ကိုတင်မိုးလွင် (၄၃) နှစ် ဆန်ချီရပ်ကွက် ထားဝယ်မြို့နေသူ မောင်းနှင်လာသော 7G...TOYOTA အမျိုးအစား အဖြူရောင်ယာဉ်သည် ဖြတ်မျဉ်းမရှိသော မျဉ်းဖြူတားထားသည့်
ယာဉ်ကြော၏ လမ်းဘက်ခြမ်းသို့ ချိုးကွေ့စဉ် ယင်းကားနောက်မှ ဦးမြင့်စိုး (ခ) ဘန်းဆန် (၅၂)နှစ် ကန်ဖျားရပ်ကွက် ကန်ဖျားနယ်မြေ မြိတ်မြို့နေသူ မောင်းနှင်လာသော Super Cup 90 အမျိုးအစား ရွှေအိုရောင် ဆိုင်ကယ်က ကားအားကျော်တက်ရာမှ ကားခေါင်း ဝဲဘက်ခြမ်းနှင့် တိုက်မိခဲ့ကြောင်းသိရသည်။
ဆိုင်ကယ်မောင်းနှင်လာသူ မြင့်စိုး(ခ)ဘန်းဆန်တွင် ယာဘက်ချိုစောင်းဖူးရောင်၊ ယာဘက်မျက်လုံး
ဖူးရောင်၊ ယာဘက်မျက်ခုံး စုတ်ပြဲဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ နိုဝင်ဘာ ၁၇ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မြင့်ဦး(မြိတ်) ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment