RangonNewsDaily:: November . 11 .2014
အမေရိကန်သမ္မတအိုဘားမားသည်မနက်ဖြန် နိုဝင်ဘာ ၁၂ရက်ည(၇)နာရီခန့်တွင် နေပြည်တော်
သို့ ရောက်ရှိမည်ဖြစ်သည်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်နိုင်ခြင်းမရှိဘဲ ၄င်းအစား ဝန်ကြီးချုပ်ဖြစ်သူ ဒီမီထရီမက်ဗက်ဒက်ဖ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာမီဒီယာများက သမ္မတအိုဘားမားနှင့် ပူတင်တို့ ယခုထိပ်သီးအစည်းအဝေးပွဲတွင် အလွတ်သဘောတွေ့ဆုံကာ ယူကရိန်း ပြဿနာကိုပြောဆိုနိုင်မည်ဟု လွန်ခဲ့သောရက်ပိုင်းက ခန့်မှန်းခဲ့ကြသည်။သို့ ရောက်ရှိမည်ဖြစ်သည်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်နိုင်ခြင်းမရှိဘဲ ၄င်းအစား ဝန်ကြီးချုပ်ဖြစ်သူ ဒီမီထရီမက်ဗက်ဒက်ဖ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာလ (၁၁)ရက်နေ့ နေ့လည်ပိုင်းတွင်မူ ဘရူနိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှား၊ လာအို၊မလေးရှား၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်မှ ခေါင်းဆောင်များ ရောက်ရှိမည်ဖြစ်သည်။
::
အဆိုပါအစည်းအဝေးကို နိုဝင်ဘာ (၁၂)နှင့်(၁၃)ရက်နေ့များတွင် နေပြည်တော်ရှိ အပြည်ပြည်
ဆိုင်ရာ ကုန်သွယ်မှုဗဟိုစင်တာ MICC 1 တွင်ကျင်းပမည်ဖြစ်ပြီးအာဆီယံ (၁၀)နိုင်ငံမှ ထိပ်
သီးခေါင်းဆောင်များအပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်အပါအဝင် တရုတ်၊
အိန္ဒိယ၊ သြစတြေးလျ၊ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ ကုလသမဂ္ဂနှင့် အာရှဖွံဖြိုးရေး
ဘဏ်မှ ထိပ်တန်းခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်သည်။
::
မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အစည်းအဝေးတက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင် စာရင်းတွေကတော့ --------

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် – ဘန်ကီမွန်း
အမေရိကန်သမ္မတ – ဘားရတ်အိုဘားမား
ရုရှား ၀န်ကြီးချုပ်- ဒီမီထရီ မက်ဗီဒက်
သြစတေးလျ ၀န်ကြီးချုပ်- တိုနီအက်ဘော့
တရုတ်ဝန်ကြီးချုပ်- လီကီချမ်း
အိန္ဒိယ ၀န်ကြီးချုပ်- နာရန်ဒရာ မိုဒီ
ဂျပန်ဝန်ကြီးချုပ် – ရှင်ဇိုအာဘေး
တောင်ကိုရီးယား သမ္မတ- ပတ်ဂွန်ဟေး
နယူးဇီလန် ၀န်ကြီးချုပ် – ဂျွန်ကီး
မြန်မာသမ္မတ – ဦးသိန်းစိန်
အင်ဒိုနီးရှားသမ္မတ- ဂျိုကို ၀ီဒိုဒို
ဖိလစ်ပိုင်သမ္မတ- ဘီနစ်နို အကွီနို
ထိုင်းဝန်ကြီးချုပ်- ပရာရွတ်ချန်အိုချာ
စင်ကာပူဝန်ကြီးချုပ်- လီရှန်လွန်း
မလေးရှားဝန်ကြီးချုပ် – နာဂျစ်ရာဇတ်
ဗီယက်နမ်ဝန်ကြီးချုပ်- ငုရင်တန်ဒေါင်း
ကမ္ဘောဒီးယားဝန်ကြီးချုပ်- ဆမ်ဒက် ဟွန်ဆန်
လာအိုဝန်ကြီးချုပ်- သွန်ဆင်း သမ်မာဗွန်
ဘရူနိုင်းဘုရင်- ဆူလ်တန် ဟာဂျီ ဟာစန်နယ် ဘိုကီးရား
အာဆီယံအတွင်းရေးမှူးချုပ်- လျူ လောင်မင်း
အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ – တာကီဟီကို နာကာအို
DVB ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment