Pages

Pages - Menu

Sunday, November 2, 2014

ယာဉ်မရပ်ရနေရာတွင် ရပ်သောကုန်တင်ယာဉ်ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်မိ၍ တက္ကသိုလ်ကျောင်း သား နှစ်ဦး ပွဲချင်းပြီး သေဆုံး

RangonNewsDaily:: November . 2 .2014
မုံရွာ- မုံရွာမြို့၏ အစည်ကားဆုံး လမ်းမဖြစ်သောကျောက္ကာလမ်း ပေါ်ရှိ ယာဉ် မရပ်ရနေရာတွင်ရပ် ထားသည့် ကုန်တင်ယာဉ်ကို ဆိုင် ကယ်ဖြင့်နောက်မှ ၀င်တိုက် ခဲ့မိသ ဖြင့် အဝေးသင်တက္ကသိုလ်ကျောင်းသားနှစ်ဦးနေရာတွင် သေဆုံး သွားကြောင်း သတင်းရရှိသည်။
မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် ကျောက္ကာလမ်းမပေါ်ရှိ ဇလုံကြီး ထမင်းဆိုင်ရှေ့တွင် ရပ်ထားသော ခြောက်ဘီးကုန်တင်ယာဉ်ကိုအောက်တိုဘာ ၃၀ရက် ည၁၀နာရီ ၁၅မိနစ်က ဆိုင်ကယ်ဖြင့် ၀င် တိုက်ခဲ့သဖြင့် ဆိုင်ကယ်စီးနင်း လာသော ပထမနှစ်နှင့် တတိယ နှစ် မြန်မာစာအထူးပြုဖြင့် အဝေး သင်တက္ကသိုလ် တက်ရောက်နေ သော မောင်အောင်နိုင်ဖြိုးနှင့် မောင်သက်နိုင်စိုးတို့ သေဆုံးသွား ကြသည်။

‘‘ကျောက္ကာလမ်းမကြီးပေါ် မှာ ရပ်ထားတဲ့ကားကို နောက်က ၀င်တိုက်တဲ့အတွက် အသက်(၂၀)နှစ်အရွယ် အဝေးသင်တက္က သိုလ် မြန်မာစာ(တတိယနှစ်) ကျောင်း သား တစ်ဦးနဲ့ အသက် (၁၈)နှစ်အရွယ် အဝေးသင်တက္က သိုလ်မြန်မာစာ (ပထမနှစ်) ကျောင်းသားတစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်’’ဟု မုံရွာပြည်သူ့ ဆေးရုံကြီးမှုခင်းဌာနမှ တာဝန်ရှိ သူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
::
ယာဉ်တိုက်မှုဖြင့် လူသေဆုံး သည်အထိဖြစ်ပွားခဲ့သဖြင့် ယာဉ် မရပ်ရနေရာတွင် ရပ်ခဲ့သည့် ကုန်တင်ယာဉ်မောင်းနှင့် ဆိုင် ကယ်မဆင်မခြင် မောင်းနှင်သူတို့ကို မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့ စခန်းတွင် အရေးယူရန်ဆောင် ရွက်လျက်ရှိသည်။

7Day DAILY ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment