RangonNewsDaily:: November . 4 .2014
ပြည်တွင်း၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စစ်ဆေးခဲ့သည့်အမှုများနှင့် ကုမ္ပဏီစုစုပေါင်း ၄၆ မှုအား စစ်ဆေးပြီးခဲ့သော်လည်း အရေးယူခံရသည့်ကုမ္ပဏီ တစ်ခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၃ ရက်တွင် စုံစမ်းသိရသည်။
ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်သည့်စစ်ဆေးမှုများကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှစစ်ဆေးပြီး ထွက်ပေါ်လာသည့်ရလဒ်များကို ဗဟိုအဖွဲ့နှင့် တရားရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ရကြောင်း သိရသည်။
"ကုမ္ပဏီထူထောင်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေနဲ့ပတ်သက်ပြီးတော့ မြှုပ်နှံတဲ့ငွေကြေးတွေက တရားဝင်ငွေကြေးတွေလား၊ တရားမ၀င်ရရှိထားတဲ့ငွေကြေးတွေလားဆိုတာကို စစ်ဆေးတာတွေရှိတယ်။ ဒါ့အပြင် အမှုတွေကနေ သိမ်းဆည်းထားတဲ့ ငွေကြေးတွေကိုလည်း စစ်ဆေးပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးပြီးသွားတဲ့ အမှုပေါင်း ၄၆ မှုရှိပါတယ်။
::
ဒါပေမဲ့ ငွေဖြူ၊ ငွေမည်းနဲ့ပတ်သက်ပြီးတော့ အရေးယူခံလိုက်ရတဲ့ကုမ္ပဏီတွေ အခုအစိုးရသစ်လက်ထက်မှာ မရှိသေးဘူး။ ဟိုအရင်တုန်းကတော့ ယူနီဗာဆယ်ဘဏ်ကို မူးယစ်ဆေးဝါးနဲ့ရရှိတဲ့ ငွေကြေးတွေနဲ့ လည်ပတ်တယ်ဆိုပြီးတော့ အရေးယူခဲ့တာပဲ ရှိပါသေးတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားသည်။

ထို့အပြင် လက်ရှိအချိန်၌ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့အနေဖြင့် ငွေဖြူငွေမည်းနှင့်ပတ်သက်၍ အမှု၊ ကုမ္ပဏီ စုစုပေါင်း ၁၃ ခုကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
::
ဆက်လက်၍ "အရေးယူတဲ့အပိုင်းကိုတော့ ဗဟိုအဖွဲ့နဲ့ တရားရုံးက ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စစ်ဆေးမှုတွေရဲ့ ထွက်ပေါ်လာတဲ့အချက်အလက်တွေကိုတော့ တာဝန်ရှိတဲ့သူတွေကို ဆက်လက်တင်ပြထားပါတယ်" ဟု အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းများပြုလုပ်ခဲ့သည် Natural Force ကုမ္ပဏီပိုင်ရှင်၏ဘဏ်များတွင် အပ်နှံထားသော ငွေကြေး၊ အိမ်များ၊ စက်သုံးဆီဆိုင်၊ ဆိုင်ခန်း၊ ဂိုဒေါင်၊ မော်တော်ယာဉ်များအပါအ၀င် အခြားပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။
::
AGD ဘဏ် အစုရှယ်ယာရောင်းဝယ်မှုနှင့်ပတ်သက်၍လည်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ စုံစမ်းရရှိထားသည့်အချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြထားပြီး ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

EMG ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment