Pages

Pages - Menu

Saturday, November 15, 2014

သမ္မတ အိုဘားမားနှင့် ၈၈ ခေါင်းဆောင်များ မတွေ့ဖြစ်


RangonNewsDaily:: November . 14 .2014
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် သီးသန့်တွေ့ ဆုံရန် တရားဝင်ကမ်းလှမ်းလာမှု မရှိသောကြောင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်း မရှိဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမြအေးက မဇ္ဈိမကို ပြောသည်။
၎င်းတို့ အနေဖြင့် သမ္မတ အိုးဘားမား မလာခင်ကပင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံ ထားပြီးဖြစ်ကာ ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ပြောင်းလဲမှု အရှိန်အဟုန် ရပ်တန့်မှုများကို ပြောဆိုလိုခြင်းဖြစ်ပြီး သာမန် တွေ့ဆုံရုံပင်ဆိုပါက မတွေ့ဆုံလိုကြောင်း ပြောကြားထားပြီး ဖြစ်သည်ဟု ဦးမြအေးက ဆိုသည်။

ဦးမြအေးက “သီးသန့်တွေ့လို့ရမယ်ဆိုတွေ့မယ်။ မဟုတ်လို့ရှိရင်တော့ ကျွန်တော်တို့ မတွေ့ချင်ဘူး။ ဘာလို့လည်းဆိုတော့ နှုတ်ဆက်ပြီး ဘာမှလည်း ပြောလို့မရဘူးလေ” ဟု ဆိုသည်။
::
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး သမ္မတ အိုဘားမားရောက်ရှိစဉ်က အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သေးသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရက်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မွန်းလွှဲပိုင်းတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်လည်း အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ညနေ ငါးနာရီခွဲခန့်တွင် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။
::
မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၂ရက်တွင် သမ္မတအိုဘားမား စတင်ရောက်ရှိ နေခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၃ရက်တွင် နေပြည်တော်၌ အရှေ့- အာရှ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ - အမေရိကန် ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၁၄ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် သမ္မတအိုဘားမားသည် တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တစ်နာရီခန့် တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့်လည်း ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ သေးသည်။
::
ယင်းနောက် နေ့လည်ပိုင်းတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမေရိကန် သံရုံး၌ တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ညနေ ၅ နာရီခွဲတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment