Pages

Pages - Menu

Tuesday, November 11, 2014

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဦးအောင်မင်းတို့နေပြည်တော်တွင် တွေ့ဆုံ


RangonNewsDaily:: November . 11 .2014
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်တဲ့ တိုင်းရင်းသား ခေါင်းဆောင် ၄ ဦးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးနိုင်ဖို့ အလွတ်သဘော တွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပါတယ်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးဆိုင်ရာ အလုပ်အဖွဲ့(အန်စီစီတီ)တို့ တွေ့ဆုံဆွေးနွေးပွဲဟာ နေပြည်တော်မှာ ပြုလုပ်မည် အာဆီယံထိပ်သီးညီလာခံပြီးမှ ဖြစ်နိုင်လိမ့်မယ်လို့ အမ်ပီစီ အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။

ဒီနှစ်ဖွဲ့ရဲ့ နောက်ဆုံးအကြိမ် စက်တင်ဘာ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နှစ်ဘက်အပစ်ရပ် လက်မှတ်ထိုးဖို့ကိစ္စ ရှေ့မတိုးသာဘဲ သောင်မတင်ရေမကျ ဖြစ်နေခဲ့တာပါ။


DVB , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment