Pages

Pages - Menu

Wednesday, November 12, 2014

ကလေးမြို့နယ် နည်းပညာတက္က သိုလ် အဖြေလွှာများ ဖောက်ထွင်းခံရမှု တစ်လကျော်ကြာချိန် အထိ ဖမ်းမိခြင်း မရှိသေး

RangonNewsDaily:: November . 11 .2014
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် နည်းပညာတက္က သိုလ်တွင် စက်တင်ဘာ ၁၈ ရက် နေ့က စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူဖျက်ဆီးသူကို အမှုဖြစ်ပွားပြီး တစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း ကလေးမြို့ မှုခင်းတပ်ဖွဲ့ခွဲမှသတင်းရရှိသည်။
ကလေးမြို့နည်းပညာတက္က သိုလ်တွင် စာမေးပွဲဖြေဆိုနေ သော ကျောင်းသူ၊ ကျောင်းသား များ၏ အဖြေလွှာများခိုးယူဖျက် ဆီးခံရမှု စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ယင်းကဲ့သို့ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ကလေး မြို့ နည်းပညာတက္ကသိုလ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီ ထွေးက တရားလိုပြုလုပ်၍ က လေးမြို့နယ် ရဲစခန်းတွင် တိုင်တန်းခဲ့သည်။ ဦးညီညီထွန်း၏ တိုင်တန်းခဲ့မှုအပေါ် ကလေးမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၂ ရက်တွင် အဆိုပါအမှုကို ကလေးမြို့မှုခင်းတပ်ဖွဲ့ခွဲက ပြောင်းလဲကိုင်တွယ်ခဲ့သည်။

ယင်းသို့ ပြောင်းလဲကိုင်တွယ်ခဲ့ပြီး တစ်လကျော်ကြာသည်အထိ ဖောက်ထွင်းခိုးယူသူအား ဖမ်းဆီး ရမိသေးခြင်းမရှိကြောင်း ကလေးမြို့ ယင်းတပ်ဖွဲ့ခွဲမှ အကြီးတန်းအ ရာရှိတစ်ဦးကပြောသည်။
::
‘‘ဒီအမှုနဲ့ပတ်သက်ပြီး ထိန်း ထိန်းသိမ်းသိမ်းကိုင်တွယ်ရမယ့် အနေအထားတွေရှိနေတဲ့အ တွက်ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေရဆဲ ဖြစ်ပါတယ်’’ဟု ၎င်းက နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြောသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment