Pages

Pages - Menu

Monday, November 10, 2014

နေပြည်တော်ရှိ ကေတီဗီနှင့် ကျန်းမာရေးအကြောဖြေခန်းများ နိုဝင်ဘာ ၁ ရက်မှ စတင် ပိတ် ရန်ညွှန်ကြား

RangonNewsDaily:: November . 10 .2014
နေပြည်တော် ကောင်စီနယ်မြေရှိ ကေတီဗီနှင့် ကျန်းမာရေးအကြောဖြေခန်းများကို နိုဝင်ဘာ ၁ရက် မှစတင်ကာ သက်ဆိုင်ရာနယ်မြေ များရှိ အုပ်ချုပ်ရေးပိုင်းက ပိတ် ခိုင်းထားကြောင်း သတင်းရရှိ သည်။
‘‘အာဆီယံထိပ်သီးဆွေးနွေး ပွဲကြောင့် ဆိုင်တွေကိုပိတ်ခိုင်း တာပါ။ ပြီးတော့ ညဘက်ဆိုရင် လည်း ဧည့်စာရင်းစစ်ဆေးမှုကို ဆက်တိုက်ပြုလုပ်လာကြတယ်။ တရားဝင်စာနဲ့တော့ မဟုတ်ပါ ဘူး။ နှုတ်နဲ့ တားမြစ်တာပါ’’ဟု ကေတီဗီတွင် အလုပ်လုပ်ကိုင်သည့် မန်နေဂျာတစ်ဦးက ပြောသည်။

နေပြည်တော်တွင် အရေး ပေါ်လုံခြုံရေးများနှင့် ကြုံတွေ့ရပါ က ယာယီလာရောက်ပိတ်ပင် ထားခြင်းမျိုးသားရှိပြီးအပြီးသတ် အရေးယူခြင်းမျိုးမရှိကြောင်း ပျဉ်း မနားဒေသခံတစ်ဦးကပြော သည်။
::
‘‘ဒါက ခဏပါ။ ပြီးတော့ လည်း ပြန်ဖွင့်ခိုင်းတာပဲ။ တချို့ ဆိုင်တွေဆိုရင် ခိုးဖွင့်တာမျိုးတွေ လုပ်ကြတယ်။အခုတော့ ဘယ်လို လာမလဲမသိသေးဘူး’’ဟု ပျဉ်းမ နားဒေသခံဆိုင်ကယ်ကယ်ရီဆွဲ သူတစ်ဦးကပြောသည်။
နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်းအ ဝေးကြောင့် လုံခြုံရေးတင်းကျပ်စွာ ကိုင်တွယ်စစ်ဆေးနေသည်။
::
နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက် အထိ ယာယီပိတ်ရန် ပြောဆို ထားပြီး ညအချိန်တွင်လည်း သက်ဆိုင်ရာဌာနများက လာရောက်စစ်ဆေးမှုများပြုလုပ်မည်ဟု သတိပေးပြောကြားသွားကြောင်း သိရသည်။

7Day News ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment