Pages

Pages - Menu

Sunday, November 16, 2014

အောင်ဘာလေ ကျပ်သိန်း ၁၅ဝဝ ဆုအပါအဝင် ဆုမဲပေါင်း ၂ဝဝဝကျော် ပိုင်ရှင်မဲ့နေ

RangonNewsDaily:: November . 16 .2014

အောင် ဘာလေကျပ်သိန်း၁၅ဝဝဆုနှင့် ဆု ကြီးများအပါအဝင် လာရောက် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲပေါင်း ၂ဝဝဝကျော် နိုဝင်ဘာ ၂၈ရက် နောက်ဆုံးထားကာ ထုတ်ယူခြင်းမရှိ ပါက ပြည်သူ့အခွန်အဖြစ်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနမှ သတင်းရရှိသည်။
ထုတ်ယူရန်ကျန်ရှိနေသေးသည့် ဆုမဲများမှာ ကျပ်သိန်း၁၅ဝဝတစ်ဆု၊ ကျပ်သိန်း၁ဝဝ တစ်ဆု၊ ကျပ် ၁ဝ သိန်း ၁၃ဆု၊ ကျပ် ၃သိန်းကိုးဆု၊ ကျပ်၂သိန်း ၉၇ဆု၊ ကျပ်၁သိန်း ၂၇ဝ ဆုများအပါအဝင် ဆုမဲ စုစု ပေါင်း ၂၂၂၁ဆုထုတ်ယူရန် ကျန် ရှိနေသေးကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲမှ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန် ကြားရေးမှူးဦးသိန်းနိုင်က''ထီထိုးပြီး လက်မှတ်ပျောက်တာတွေ၊ ထီမတိုက် တာကြောင့် ထီပေါက်နေတဲ့ ဆုမဲ တွေက များနေတာပါ။ အခုဒါတွေ ထုတ်ယူဖို့ သက်ဆိုင်ရာမြို့နယ်တွေ မှာ ကြေညာထားတယ်။ သတ်မှတ် ရက်မှမထုတ်ယူရင် ပြည်သူ့အခွန် ငွေအဖြစ်သိမ်းဆည်းသွားမှာပါ''ဟု ပြောသည်။


အဆိုပါထီဆုမဲများကို ရန်ကုန် နှင့် မန္တလေးမြို့များရှိ အောင်ဘာ လေသိန်းဆုဌာနများတွင် ကျပ်သိန်း ၁၅ဝဝများအောက်ဆုမဲများကိုထုတ် ယူနိုင်ပြီး၊ ကျပ်၁ဝသိန်းအောက် ဆုမဲ များကို မြို့နယ်တိုင်းရှိ မြို့နယ်အခွန် ဦးစီးဌာနရုံးများ၊ မြို့နယ်စည်ပင်သာ ယာရုံးများတွင်ကြော်ငြာထားပြီး လာ ရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။


ယင်းက''ဘဏ္ဍာနှစ်တစ်နှစ်လုံး မှာ ပေါက်ထားတဲ့ဆုငွေတွေ အခု ချိန်မှ လာရောက်ထုတ်ယူခိုင်းတာ ပါ။ မယူဖြစ်လို့ကျန်တဲ့ဆုမဲတွေ ပြည် သူ့အခွန်အဖြစ်လိုအပ်တဲ့တံတား၊ ဆေးရုံ၊ ကျောင်းစတာတွေမှာသုံးစွဲ သွားမှာပါ''ဟုပြောသည်။


အောင်ဘာလေထီဆုမဲများကို ၂ဝ၁၃ခုနှစ် နိုဝင်ဘာ၁ရက်မှ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃ဝရက်အထိ တစ်နှစ်အတွင်းပေါက်မဲများကို ထုတ် ယူနိုင်ပြီး၊ ဘဏ္ဍာနှစ်ကျော်သွားပါ က ထုတ်ယူခွင့်ပြုတော့မည်မဟုတ် ကြောင်း သိရသည်။

Democracytoday, 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment