Pages

Pages - Menu

Tuesday, November 4, 2014

တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုပါကြီး မိသားစုထံ ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းကြောင်း သ၀ဏ်လွှာပို့

RangonNewsDaily:: November . 3 .2014
တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အလွတ်တန်းသတင်းထောက်၊ ယခင်သုံး ရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီးသေ ဆုံးမှုအတွက် ၀မ်းနည်းရကြောင်း နှင့် ပွင့်လင်းမြင်သာသည့် တရား မျှတမှုရရှိစေရန် မျှော်လင့်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျန်ရစ်သူ ဇနီးထံ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသား၍ ကိုပါကြီး ဇနီး ဒေါ်သန္တာထံ ပေးပို့ခဲ့ခြင်းဖြစ် ပြီး နိုဝင်ဘာ ၂ ရက်တွင် သုံးရောင်ခြယ်မိသားစုများက ပြုလုပ်သော ကိုပါကြီးအတွက် ရည်စူးဆွမ်း ကပ်လှူပွဲအခမ်းအနားတွင် ဖတ် ကြားခဲ့ခြင်း ဖြစ်သည်။

ကိုပါကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ထူ ထောင်စဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးကို တာဝန်ယူခဲ့ဖူးသည့် သုံးရောင် ခြယ်အဖွဲ့ဝင်ဖြစ်ပြီး ၎င်းသေဆုံး မှုအတွက် အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌက တစ်စုံတစ်ရာ မှတ်ချက် ပြုပြောကြားခြင်းမရှိသည့်အပေါ် အစောပိုင်းရက်များက ဝေဖန်မှု များရှိခဲ့သည်။
::
သ၀ဏ်လွှာတွင် ဒေါ်အောင် ဆန်းစုကြည်က ကိုပါကြီးကိုသား ဟု သုံးနှုန်းထားပြီး ကျောင်းသား ဘ၀ကတည်းက ဒီမိုကရေစီလှုပ်ရှားမှုထဲတွင် ၎င်းတို့နှင့်အတူ ပါဝင်လာခဲ့သည်ကို သတိရနေမိကြောင်း ရေးသားထားသည်။ ထို့ပြင် ကိုပါကြီး သေဆုံးမှုအတွက် အခက်အခဲအမျိုးမျိုးကို အတူကျော်ဖြတ်ခဲ့ရသည့် ရဲဘော်ရဲဘက်အားလုံးကလည်း စိတ်မချမ်းမြေ့ဖြစ်နေရသကဲ့သို့ ပွင့်လင်းမြင်သာသည့် တရားရေးဖြစ်စဉ်ကိုလည်း မြင်တွေ့ရဖို့ မျှော်လင့်နေကြမည်ဟု ယုံကြည်ကြောင်း ပါရှိသည်။

ကိုပါကြီးမှာ အောက်တိုဘာ ၄ ရက်က မွန်ပြည်နယ်၊ ကျိုက်မ ရောမြို့နယ်၊ ရွှေဝါချောင်ကျေး ရွာအနီးတွင် အမှတ်(၂၀၈)ခြေမြန်တပ်ရင်းက ဖမ်းဆီးထားစဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် တပ်မတော် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
::
တပ်မ တော်ဘက်က ဖမ်းဆီးရမိချိန်တွင် ကိုပါကြီးက DKBA တပ်ဖွဲ့မှဟု လည်းကောင်း KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဗိုလ်ကြီးအောင်နိုင်ဟုလည်းကောင်း ၀န်ခံခဲ့ပြီး သ တင်းထောက်ဟု လုံးဝမပြောခဲ့ကြောင်းနှင့် သတင်းထောက် အသုံးအဆောင်ပစ္စည်းများကိုလည်း ၎င်းနှင့်အတူ မတွေ့ရှိရကြောင်း တပ်မတော်၏ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ကိုပါကြီး၏ နိုင်ငံရေး လုပ် ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများကမူ ကိုပါကြီးမှာ ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထူထောင်စဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူ ခဲ့သူဖြစ်ပြီး ပြည်တွင်းထုတ် ရန် ကုန်တိုင်းမ်သတင်းဂျာနယ်အပါ အ၀င် ဂျာနယ်အချို့တွင် အောင် ကြီးကလောင်အမည်ဖြင့် သတင်း များ၊ သတင်းဆောင်းပါးများရေး သားခဲ့ကြောင်း ကြေညာချက်များ၌ ထည့်သွင်းထုတ်ပြန်ခဲ့သည်။
::
သတင်းသမားများအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအား အရေးမယူ ပစ်ပယ်ထားခြင်းများ အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့တွင် Pen Myanmar ကလည်း ကိုပါကြီးအမှုနှင့် ပတ်သက်၍ ပြင်းထန်စွာရှုတ်ချလိုက်ပြီး တာဝန်ရှိသူများအား ပစ်ပယ်မထားရန် တိုက်တွန်းထားသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment