Pages

Pages - Menu

Sunday, November 2, 2014

ချ စ် သူ အေ ကြာ င်း နဲ့ လက်ထပ်ဖို့အကြောင်းတွေ ပြောပြတဲ့ ဂျောင်ယောင်ဟို


RangonNewsDaily:: November . 2 .2014
Girls Generation အဖွဲ့ရဲ့ အဆိုတော်လည်းဖြစ် မင်းသမီးလည်းဖြစ်တဲ့ ချွဲဆိုးယောင်း ဟာ “Spring Days” ဆိုတဲ့ ဇာတ်လမ်းထဲမှာတော့ အသဲကွဲကြရပေမယ့် တကယ့် အပြင်ဘဝမှာတော့ မင်းသား ဂျောင်ယောင်ဟိုနဲ့ ဆိုးယောင်းတို့ဟာ သိပ်ချစ်ကြတဲ့ ချစ်သူအစစ်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းကို မင်းသားက မကြာ သေးခင် ကအင်တာဗျူးတစ်ခုမှာထည့်သွင်းပြောကြားသွား ပါတယ်။
တစ်ချိန်တုန်းကလည်းသူသာ အကောင်းဆုံး မင်းသားဆုရခဲ့ရင် သူချစ်တဲ့မိန်းကလေးကို ချစ်ခွင့်ပန် မယ်၊ သူဟာ
ဆုလက်ခံချိန်ပြောစကားထဲကပဲ ချစ်ခွင့် ပန်သွားမယ်လို့ ဂျောင်ယောင်ဟိုက ပြောကြားခဲ့ဖူး ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဘယ်သူကမှ သူတို့နှစ်ယောက်ချစ်နေမှန်း မသိကြပါဘူး။

ဒီနှစ် ဆန်းပိုင်းမှာတော့ သူတို့နှစ်ယောက်စလုံးရဲ့ အေဂျင်စီတွေက သူတို့ချစ်နေကြတယ်ဆိုတာ အတည်ပြုပြောကြားခဲ့ပါတယ်။ အင်တာ ဗျူးမှာတော့ သူတို့ရဲ့လက်ရှိအခြေအနေ ဟာ ကောင်းမွန်ပြီးဆိုးယောင်းရဲ့ ဇာတ် လမ်းတွေကို သူကိုယ်တိုင်ကြည့်တယ်လို့ မင်းသားက ဆိုပါတယ်။

 ယောင်ဟိုဟာ လက်ရှိ ‘အဆုံးမဲ့ အချစ်’ ဆိုတဲ့ဇာတ်လမ်း မှာ တစ်ဖက်သတ်ချစ်ရသူအဖြစ် သရုပ် ဆောင်နေသလို “Manhole” ဆိုတဲ့ဇာတ် ကားမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။

ဒီဇာတ်ကားတွေပြီးရင်တော့ သူကခရီးသွား ဖို့စီစဉ်ထားပြီး သူတကယ်သွားချင်တာက တော့ ဧဝရတ်တောင်ခရီးစဉ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ လက်ထပ်ဖို့အစီအ စဉ်ကိုေ တာ့ “အခွင့်အရေး ရှိရင်တော့လက်ထပ် တာက မြန်ချင် မြန်နိုင်တယ်။ ဘာမှတော့ မဆုံးဖြတ် ရသေးပါ ဘူး” လို့ ဂျောင်က ဆိုပါတယ်။


Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment