Pages

Pages - Menu

Saturday, November 8, 2014

၁ နာရီအတွင်း ဘီယာ ၃ခွက် သောက်နိုင်သည့် မန္တလေးမှ ၂ နှစ်အရွယ် ကလေးငယ်

RangonNewsDaily:: November . 8 .2014
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဆင်ဖြူကန်ဘီယာဆိုင်တွင် (၂) နှစ်အရွယ်ကလေးငယ်နှင့် ၇ နှစ် အရွယ် ကလေးငယ်နှစ်ဦးအား ဖခင်ဖြစ်သူက ခေါ်လာပြီး ဘီယာသောက်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။
အဆိုပါ ဆင်ဖြူကန်မြန်မာဘီယာဆိုင်တွင် ထိုင်နေသော ဘေးဝိုင်းမှ လူများက ကလေးငယ် ဘီယာသောက်နေ ကြောင်း ပြောပြရာ ဖခင်ဖြစ်သူက “ရတယ် အစ်ကို၊ သူက တနှစ်နဲ့ (၆)လ ကတည်းက တနေ့ (၃) ခွက်လောက် သောက်တာ။ ကျွန်တော်တို့က လင်ကိုယ် မယားနှစ်ယောက်တည်း။ သူ့အမေနဲ့ကျွန်တော်က မန္တလေး (ကနည)ရုံးမှာ ပွဲစားလုပ် ပါတယ်။ ဧည့်သည်တွေနဲ့ ဘီယာဆိုင်ထိုင်ဖြစ်တိုင်း ဒီကလေးတွေက ပါလာရာမှ အခုလို တနေ့ (၄၊ ၅) ခွက်သောက်နိုင်တာပါ”ဟု ကလေး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

ကလေးငယ်သည် ငယ်ရွယ်လွန်းသေးသဖြင့် မိဘများက ထိုကဲ့သို့ အားမပေးသင့်ကြောင်း၊ အရက်သေစာသောက်စားမှုနှင့်ပတ်သက်၍ အတုမြင် အတတ်သင်မဖြစ်သင့်ကြောင်း၊ ကလေးများ၏ နောင်ရေးအတွက် မိဘများကို ပညာပေးရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ယင်းဆိုင်အတွင်း ဘီယာသောက်သုံးသူများက ပြောဆိုနေကြသည်။

“ဒီလောက်နုနယ်တဲ့အရွယ်မှာ လူကြီးတွေ အနေနဲ့ ကလေးငယ်ကိုချစ်လို့ပဲဖြစ်ဖြစ် ဘီယာဆိုင် အရက်ဆိုင်တွေကိုခေါ်လာခြင်းဟာ ကလေးကို ချစ်ရာမရောက်ဘဲနှစ်ရာရောက် သလိုဖြစ်သွားမှာတော့ မလုပ်သင့်ပါဘူး။ ဒီအရွယ်တွေက လက်ဦးဆရာဟာ မိဘ တွေပါ။ မိဘတွေ အနေနဲ့ ကိုယ့်ကလေး၏ အနာဂတ်အတွက် ကလေးငယ်များရှေ့မှာ ကောင်းတာတွေ လုပ်ပြသင့်ပါတယ်။ မြန်မာနိုင်ငံမှ ကလေးငယ်တွေကို အရက်ဆိုင်၊ ဘီယာဆိုင်တွေကို ခေါ်မလာသင့်ပါဘူး””လို့ ဘေးဝိုင်းတွင် ထိုင်နေသူတဦးက ပြောသည်။

အဆိုပါကလေးငယ်သည် ဘီယာတခွက်ကို မိနစ် ၂၀ အတွင်း ကုန်သွား၍ နောက် တခွက်ကို ဖခင်ဖြစ်သူက ထပ်ပေးခဲ့သည်ကို တွေ့ရသည်။ ဆက်လက်၍ နာရီပိုင်း အတွင်း ၂ နှစ်သားအရွယ် မောင်ပြည့်ဖုန်းကျော်သည် ဘီယာ ၃ ခွက်သောက် သုံးခဲ့ပြီးသည်ကို တွေ့ရသည်။


News WatchJournal , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment