Pages

Pages - Menu

Tuesday, October 21, 2014

မြန်မာ U-19 အသင်း ဗိုလ်လုပွဲနှင့် လွဲချော်

RangonNewsDaily:: October . 20 .2014
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော ၂၀၁၄ အာရှ U-19 ပြိုင်ပွဲ၏ ဒုတိယ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြန်မာ U-19 အသင်းသည် ကာတာ အသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်ခွင့် လွဲချော်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းနှင့် ကာတာအသင်းတို့သည် အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပြီး သာမန်ပွဲချိန် မိနစ် ၉၀ ပြည့်သည်အထိ ၂ဂိုးစီသရေကျနေကာ အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရသည်။ ယခုပွဲစဉ်တွင် ပွဲချိန် ၄၅ မိနစ်၌ ကာတာအသင်းတိုက်စစ်မှူး မိုအစ်က ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် ၆၁ မိနစ်တွင် အောင်သူ ပွဲချိန် ၆၄ မိနစ်တွင် ငြိမ်းချမ်းအောင်တို့က မြန်မာအသင်းအတွက် ဂိုးများ ပြန်လည်သွင်းယူကာ မြန်မာအသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 

သို့သော် ပွဲချိန် ၇၅ မိနစ်၌ ကာတာအသင်းအတွက် ချေပဂိုးကို အာဖစ်က ပြန်လည်သွင်းယူခဲ့ပြီး မိနစ် ၉၀ ပြည့်သည်အထိ ၂ဂိုးစီ သရေကျခဲ့သောကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

ကာတာအသင်းအတွက် အနိုင်ဂိုးကို အချိန်ပို ပထမပိုင်းပွဲအစ ၁ မိနစ်တွင် ဒေါင့်ကန်ဘောမှတစ်ဆင့် အက်ဒူလာက အနီးကပ်သွင်းယူခဲ့ခြင်းဖြစ်သည်။


မြန်မာ U-19 အသင်းသည် အချိန်ပို ဒုတိယပိုင်း ပြီးဆုံးခါနီးတွင် ချေပဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း ကာတာအသင်းဂိုးသမား ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် ဝေးကွာခဲ့ခြင်းဖြစ်သည်။

၂၀၁၄ အာရှ U-19 ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို လာမည့်အောက်တိုဘာလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြောက်ကိုရီးယားအသင်းနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆီးမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သော အိမ်ရှင်မြန်မာ U-19 အသင်းသည် ဥဇဘက်ကစ္စတန်အသင်းနှင့်အတူ ပူးတွဲ တတိယအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။


Eleven Media , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment