Pages

Pages - Menu

Wednesday, October 15, 2014

မူလထက် ငါးဆခန့် ပို၍မြန်မည့် ဝိုင်ဖိုင်စနစ်ကို Samsung တီထွင်

RangonNewsDaily:: October . 14 .2014
Samsung မိုဘိုင်းဖုန်း ကုမ္ပဏီ မှ နည်းပညာရှင် များသည် ဝိုင်ဖိုင် လိုင်းပေါ် Data အချက်အလက်များ ဖြတ်သန်းမှု နှုန်းကို မူလ အခြေအနေ ထက် ငါးဆခန့် ပို၍ မြန်ဆန် စေနိုင်မည့် နည်းပညာ တစ်ရပ်ကို တွေ့ရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
Samsung ၏ တိုတောင်းသော ကြေညာချက် တစ်ခုတွင် ၄င်းတို့၏ နည်းပညာရှင် များမှာ 60 GHz ဝိုင်ဖိုင်လိုင်းကို အသုံးပြု နိုင်စေနိုင်မည့် နည်းစနစ် တစ်မျိုးကို တွေ့ရှိ ထားကြောင်းနှင့် အဆိုပါ မြန်နှုန်းမြင့် ဝိုင်ဖိုင်စနစ် ကို နောင်နှစ်တွင် ရောင်းချ သွားမည့် ဖုန်းများတွင် ထည့်သွင်း သွားရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း ပြောပြသည်။

Samsung မှ အင်ဂျင်နီယာ များက အချို့သော နည်းပညာ ဆိုင်ရာ ပြဿနာ များကြောင့် ဝိုင်ဖိုင်၏ အလျင်နှုန်းမှာ 4.6 Gbps ထက် ကျော်လွန်ခြင်း မရှိခဲ့ကြောင်း ပြောပြသည်။ Samsung မှ ပညာရှင် များသည် ဝိုင်ဖိုင်လိုင်း အပေါ် Data ဖြတ်သန်းမှု နှုန်းကို လက်ရှိ အခြေအနေ ထက် ပို၍ လျင်မြန်စွာ စွမ်းဆောင် စေနိုင်ပြီး ယခုအခါ ဝိုင်ဖိုင် အချိတ်အဆက်ဖြင့် Data များကို 575 MBps ( 4.6 Gbps ) အလျင်နှုန်းဖြင့် အပြန်အလှန် ပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝိုင်ဖိုင်စနစ် များက 2.4 GHz သို့မဟုတ် 5 GHz band များ အသုံးပြုရာ အချို့ ဝိုင်ဖိုင်စနစ်များ တွင် တစ်စက္ကန့် လျှင် ဝိုင်ဖိုင်လိုင်းကို 1 GB နှုန်းဖြင့် အသုံးပြု နိုင်ကြောင်း သိရသည်။ ဝိုင်ဖိုင် ရရှိနိုင်သော ဧရိယာ များတွင် စက်ပစ္စည်းများက ချိတ်ဆက်၍ အသုံးပြု သောအခါ မတူညီသော လိုင်းခွဲ များစွာတွင် ဖြတ်သန်း နေသည့် Data များတွင် ဖြစ်ပေါ်သည့် လှိုင်းပြတ် တောင်းမှု ပမာဏ များကို နည်းပညာရှင်များက လျှော့ချ နိုင်ခဲ့ပြီး အင်တင်နာ အပေါ် တိုးတက်မှု များလည်း ပြုလုပ်နိုင်ခဲ့ သောကြောင့် လိုင်းဖြတ် သန်းမှု ကိုလည်း ပို၍ ချောမွေ့ စေနိုင်ခဲ့သဖြင့် ဝိုင်ဖိုင်ဖြင့် ပို့ဆောင် လိုက်သော Data များက ဖြတ်သန်းနေစဉ် လိုင်းပြတ် တောက်မှုကြောင့် ပျောက်ကွယ် မှုများလည်း လျော့နည်း သွားမည် ဖြစ်သည်။

ဝိုင်ဖိုင် 60 GHz နှုန်းကို အသုံးပြု သွားနိုင်မည့် စက်ပစ္စည်း များကို ၂ဝ၁၅ ခုနှစ်တွင် ရောင်းချ သွားနိုင်ရန် Samsung က စီစဉ်လျက် ရှိပြီး အဆိုပါ ဝိုင်ဖိုင် စနစ်သစ်ကို တီဗွီ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ၊ ဖုန်းများ နှင့် အိမ်အသုံး အဆောင် ပစ္စည်းအချို့တွင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း Samsung က ဆိုသည်။

PyiChitThar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment