Pages

Pages - Menu

Sunday, October 5, 2014

Nissanက သူ့ရဲ့ Pulsarမော်ဒယ် Hatchbackကို မိတ်ဆက်ပြသ


RangonNewsDaily:: October . 5 .2014
ဂျပန်အခြေစိုက် Nissanကတော့ အင်္ဂလန်မှာ ရှိတဲ့ သူ့ရဲ့ ရုံးခွဲမှာ Hatchbackတန်းဝင် Pulsarမော်ဒယ်သစ်ကို မိတ်ဆက်ပြသခဲ့တာ တွေ့ရပြီး အဆိုပါ မော်ဒယ်သစ်ဟာ ဆိုရင် အရင်က ဈေးကွက်တင်ထားခဲ့တဲ့ Pulsarမော်ဒယ်ကို အားလုံးနီးပါး အသစ်ပြန်လည် ပြင်ဆင်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မော်ဒယ်သစ်မှာ အင်ဂျင် အမျိုးအစား နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီးတော့ Turbocharged ၁.၂ လီတာသုံး ဓါတ်ဆီစနစ် အင်ဂျင်နဲ့ ၁.၅လီတာသုံး ဒီဇယ်ဆီစနစ် အင်ဂျင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အင်ဂျင်တွေကိုတော့ Nissanရဲ့ နည်းပညာ ပူးပေါင်း ကုမ္ပဏီ ဖြစ်တဲ့ ပြင်သစ် အခြေစိုက် Renaultနဲ့ ပူးပေါင်း ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပြီး ၁.၅လီတာသုံး အင်ဂျင်ကနေ မြင်းကောင်ရေ ၁၁၀အားထိအောင်ထုတ်ပေးနိုင်မှာ ဖြစ်သလို ပျမ်းမျှ အနေနဲ့လည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှုန်းက တစ်ကီလိုမီတာအတွက် ၉၄ဂရမ်သာ ရှိမှာ ဖြစ်ပါတယ်။ 

Start-Stopကိုလည်း ထည့်သွင်း တည်ဆောက်ထားတဲ့ အပြင် ဆီစားနှုန်း အပိုင်းမှာလည်း ဆီတစ်ဂါလံကို ၇၈.၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ဆီစနစ်သုံး အင်ဂျင်ကတော့ မြင်းကောင်ရေ ၁၁၅ကောင်အားထိအောင် ထုတ်ပေးနိုင်မှာ ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်နှုန်းက တစ်ကီလိုမီတာကို ၁၁၇ဂရမ်နဲ့ ဆီတစ်ဂါလံကို ၅၆.၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ 

Suspensionအပိုင်းမှာတော့ ပုံမှန် အတိုင်း MacPhersonစနစ်ကို ထိုင်ထားတာ တွေ့ရပြီး ကားတစ်စီးလုံးရဲ့ အလေးချိန်ကို လျော့ချထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားကို ၁၀၆လက်မထိအောင် ဖန်တီးထားတာကြောင့် အတွင်းခန်း အပိုင်းမှာ ပိုမို ကျယ်ဝန်းလာမှာ ဖြစ်ပြီး Chevy Cruzeထက် ၀.၆လက်မ ပိုမို ကျယ်ဝန်းမှာ ဖြစ်သလို Toyota Aurisထက်လည်း ၄လက်မ ကျယ်ဝန်းလာတာ တွေ့ရပါတယ်။

 နောက်ဖက် ၀န်တင်ခန်း အပိုင်းမှာတော့ ၃၇၅လီတာထိအောင် ဆံ့ဝင်နိုင်မှာ ဖြစ်ပြီး Aurisထက် ကျယ်ဝန်းပေမယ့် Cruzeကတော့ ၄၁၀လီတာထိအောင် ဆံ့ဝင်နိုင်တာ တွေ့ရပါတယ်။ Nissanကတော့ လက်ရှိ မိတ်ဆက်တဲ့ Hatchbackအပြင် Sedanအမျိုးအစားကိုပါ ဈေးကွက်တင်မှာ ဖြစ်ပြီးတော့ အခု မော်ဒယ်သစ်ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆၀၅၇ ဖြစ်ပါတယ်။

လင်းလင်း (IA) , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment