Pages

Pages - Menu

Sunday, October 12, 2014

ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ်အနီး မိုင်အနည်းငယ်ထိ IS တပ်ဖွဲ့များ ထိုးဖောက်ရောက်ရှိ


RangonNewsDaily:: October . 11 .2014
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်ရှိ နိုင်ငံတကာ လေဆိပ်နှင့် မိုင်အနည်းငယ်မျှ အကွာထိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များ စိမ့်ဝင် နေရာယူနေကြောင်း သိရှိရသည်။
ဘဂ္ဂဒက် မြို့တော် အစွန်အဖျားရှိ အဘူဂါရိုက်ဘ် ဆင်ခြေဖုံး ရပ်ကွက်တွင် IS စစ်သွေးကြွများ ထိုးဖောက် နေရာယူထားပြီး ဘဂ္ဂဒက်မြို့ခံ လုံခြုံရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော စစ်သွေးကြွများသည် ယခုအခါ ဘဂ္ဂဒက်ရှိ နိုင်ငံတကာ လေဆိပ်နှင့် (၈)မိုင်မျှ အကွာထိ ရောက်ရှိနေပြီ ဖြစ်သည်။

IS တပ်ဖွဲ့များသည် ပခုံးထမ်း လေယာဉ်ပစ် လောင်ချာများကို ကိုင်ဆောင်ထားရာ လေဆိပ်အနီးထိ ချဉ်းကပ်လာပြီး လေယာဉ်များကို ပစ်ချနိုင်မည့် ခြိမ်းခြောက်မှုမျိုး ရှိနေသည်။ လတ်တလောတွင် IS တပ်ဖွဲ့များသည် အဘူဂါရိုက်ဘ်တွင် တပ်စွဲထားသည့် အီရတ် လုံခြုံရေး တပ်ဖွဲ့များကို ချောင်းပစ်ပြီး ချက်ချင်း ခြေရာဖျောက် ဆုတ်ခွာသည့် ပြောက်ကျား ဗျူဟာမျိုးဖြင့် တိုက်ခိုက်နေသည်။
::
IS တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံမှ ဒေသအများစုနှင့် အီရတ်မြောက်ပိုင်းကို သိမ်းပိုက်ထားသော်လည်း အီရတ်၏ အကြီးဆုံး မြို့တော်ဖြစ်သည့် ဘဂ္ဂဒက်ကိုမူ အင်နှင့်အားနှင့် ထိုးစစ်ဆင်မှု မရှိသေးချေ။ လတ်တလောတွင် IS တပ်ဖွဲ့သည် တူရကီနှင့် နယ်စပ်အနီးတွင် တည်ရှိသည့် ဆီးရီးယားပိုင် ကိုဘာနီမြို့ကို အလုံးအရင်း ထိုးဖောက် တိုက်ခိုက်နေပြီး ဒေသခံ ကာ့ဒ်ပြည်သူ့စစ်များက တုံ့ပြန်လျက်ရှိသည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် အစ္စလာမ်မစ် အစွန်းရောက်ဝါဒီ စစ်သွေးကြွများကို ဝေဟင်ထိုးစစ်ဖြင့် တိုက်ခိုက်နေသည့်တိုင် ဘဂ္ဂဒက်အနီးထိ ချဉ်းကပ်လာသည့် IS၏ စစ်ရေး အသာစီးရမှုကို မဟန့်တားနိုင်ဘဲ ရုန်းကန်နေရသည်။ အီရတ်နှင့် ဆီးရီးယားတို့ရှိ အခြားသော ဒေသများတွင်လည်း အလားတူ အနေအထားမျိုး ကြုံနေရဆဲ ဖြစ်သည်။
::
ယခုအခါ IS အဖွဲ့သည် ဘဂ္ဂဒက် မြို့တော်အနီးရှိ မြို့ငယ်နှင့် ရွာငယ်အများအပြားကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ ထိုအတောအတွင်း IS အဖွဲ့သည် ဝါဒဖြန့် ဗီဒီယို တစ်ခုကို ထုတ်လွှင့်ပြသခဲ့ရာ ကိုဘာနီမြို့ လမ်းမများပေါ်တွင် တိုက်ပွဲဝင်ပြီး ခြေကုပ်ယူနေသည့် IS တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ကို ရိုက်ကူးထားကြောင်းလည်း တွေ့ရှိရသည်။

Dailymail ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment