RangonNewsDaily:: October . 3 .2014
တရုတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲများ ဖြစ်ပွားနေသော ဟောင်ကောင်တွင် ပြီးခဲ့ သည့် တနင်္ဂနွေနေ့ တစ်ရက် အတွင်း မှာ တင် လူတစ်သိန်းကျော် သည် FireChat ဖုန်း အပလီကေးရှင်း ကို ဒေါင်းလုဒ် လုပ်ခဲ့ ကြကြောင်း တွေ့ ရသည်။
FireChat အပလီကေးရှင်းသည် ဖုန်းလိုင်း မလို၊ အင်တာနက် မလို။ ဘလူး တုသ် စနစ်ဖြင့် မက်ဆေ့ဂ်ျ များ ပေးပို့နိုင်ပြီး အနီး အနားတွင် ဖုန်းသုံး သူများလေ မက်ဆေ့ဂ်ျ များသည် ဖုန်း တစ်လုံးမှ တစ်လုံး သို့ ကူးကာ ဝေးဝေး ကျယ် ကျယ် ရောက်လေ ဖြစ်သည်။
တစ်ကယ် လို့ အစိုးရက အင်တာနက်တွေ၊ ဖုန်း မက်ဆေ့ဂ်ျ စနစ်တွေ ကို ပိတ်လိုက်မယ် ဆိုရင် ကျွန်တော်တို့ ဘာလုပ် ကြမလဲ ခုက တည်းက ကြို စဉ်းစားထားဖို့ လို တယ်။
FireChat ဟာ ကျွန်တော်တို့ လိုအပ်ချက် နဲ့ ကိုက်ညီတဲ့ အတွက် ကြိုတင် ဒေါင်းလုဒ် လုပ်ထားတာပါ ဟု ဆန္ဒပြ ကျောင်းသား တစ်ဦး ဖြစ်သော ဂျူဒီချိုး က ပြောသည်။
messengernews, KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment