Pages

Pages - Menu

Friday, October 3, 2014

Dance for Life ပါတီ ဟိုတယ် ရန်ကုန်တွင် ကျင်းပ.


RangonNewsDaily:: October . 3 .2014
Dance for Life ပါတီပွဲကို အောက်တိုဘာ ၁ ရက်နေ့ ည၌ ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန် VIP ဘားတွင် ကျင်းပသွားခဲ့သည်။
ဖေ့စ်ဘွတ် တွင် နာမည်ကြီး သူများဖြစ်သည့် သရုပ်ဆောင် ဇွန်သဉ္ဇာ၊ ဇာဇာထက်နှင့် ကဗျာကို တို့သုံးဦးတို့
ပါဝင် မည်ဟု ကြေညာထားခဲ့သည့် အဆိုပါ ပါတီ ပွဲကို ယခင်က အင်းလျားလိတ် ဟိုတယ် ဘား၌ ကျင်းပရန် စီစဉ်ထားခဲ့
သော်လည်း ဝေဖန်မှုများ ရှိခဲ့ပြီး နေရာပြောင်းရွှေ့ခဲ့ ရခြင်းဖြစ်ကာ Dance for Life ပါတီပွဲ ကျင်းပရာမှ ရရှိ သည့် ငွေကြေးများကိုမူ HIV/AIDS ဝေဒနာသည် များထံ သွားရောက် လှူဒါန်း မည်ဟုလည်း ကြေညာထား၍ စိတ်ဝင်စားခဲ့မှု များလည်း ရှိသည်။




ယင်းပါတီပွဲ လက်မှတ်များကို စောင်ရေ ၃ဝဝ သာရိုက်နှိပ်ထားခဲ့ကြောင်းကိုတော့ ယင်းပါတီပွဲ တင်ဆက်မှု မတိုင်
မီက DJ ပညာရှင် တစ်ဦးဖြစ်သည့် ကိုဂျပန်ထံမှသိခဲ့ရသည်။ 



ပါတီပွဲကျင်းပသည့် ထိုနေ့ညတွင် မီဒီယာသမားများအနေဖြင့် ည ၈ နာရီမှ စတင်ဝင်ခွင့်ရခဲ့ပြီး ၉ နာရီခွဲကျော်တွင်
 သရုပ်ဆောင် ကဗျာကိုက စတင် တင်ဆက်ပြီး သရုပ်ဆောင် ဇာဇာထက်၊ မော်ဒယ်လ် ဇွန်သဉ္ဇာတို့က တစ်ဦးချင်း နှင့်
 နှစ်ယောက်တွဲ အလှည့်ကျ တင်ဆက်သွားသည်။ 


ရုပ်ငြိမ်ကင်မရာသမားများနှင့်မီဒီယာသမားများအား နာရီဝက်မျှ ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့သည်။

ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar , 
KOLATT(PBDN)

RangonNewsDaily


No comments:

Post a Comment