Pages

Pages - Menu

Monday, October 13, 2014

ထရ ၀ါဒဂိုဏ်းဝင် ရဟန်းသာမဏေ များ လိုက်နာရမည့် စည်းကမ်း ချက်များကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ထပ်မံထုတ်ပြန်

RangonNewsDaily:: October . 12 .2014
မြန်မာနိုင်ငံအတွင်း သီ တင်းသုံးတော်မူကြသည့် ထေရ ၀ါဒဂိုဏ်းဝင် ရဟန်းသာမဏေ များ လိုက်နာရမည့် စည်းကမ်း ချက်များကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ထပ်မံထုတ်ပြန်လိုက်သည်။
နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့မှ ထုတ်ပြန်ထားပြီးဖြစ် သော ကျောင်းထိုင်ဘုန်းကြီးနှင့် ရဟန်းသာမဏေတို့ လိုက်နာကျင့် သုံးရန် စည်းကမ်းကျင့်ဝတ်များ ပါ ရှိသည့် ညွှန်ကြားလွှာအမှတ် (၇၂)၊ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေများသည် ပါတီနိုင်ငံ ရေးများ၌ ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားသည့် ညွှန် ကြားလွှာအမှတ် (၈၃)၊ ဗုဒ္ဓသာ သနာတော် ဂုဏ်ကျက်သရေ ညှိုး မှိန်စေသော အမှုများကို ကျူး လွန်သော ရဟန်းသာမဏေများ အား အရေးယူရေးညွှန်ကြားထား သော ညွှန်ကြားလွှာအမှတ် (၈၅) အစရှိသည့် ညွှန်ကြားလွှာသုံးခု ကို စက်တင်ဘာလကုန်တွင် ထပ် မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အချို့သော ရဟန်းသာမ ဏေများသည် မြတ်ဗုဒ္ဓ၏ ၀ိနည်း သိက္ခာပုဒ်တော်များကို ကျူးလွန် ဖောက်ဖျက်လျက်ရှိခြင်း၊ ပါတီ နိုင်ငံရေးများတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိခြင်း၊ အားပေးလှုံ့ ဆော်ရေးသားဟောပြောစည်းရုံး လျက်ရှိခြင်း၊
::
ဗုဒ္ဓသာသနာတော် ၏ ဂုဏ်ကျက်သရေကို ညှိုးမှိန် စေသည့် အပြုအမူများဖြစ်သော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၌ ညစာစားသုံးခြင်း၊ အရက်သေစာသောက်စားမူးယစ် ခြင်း၊ ဘူတာရုံသင်္ဘောဆိပ်၊ ကားဂိတ်များ၌ အလှူခံလျက်ရှိခြင်း၊

မော်တော်ဆိုင်ကယ်နှင့် ကားများကို ကိုယ်တိုင်မောင်းနှင်လျက်ရှိ ခြင်းများကို တွေ့ရှိရပါသဖြင့် ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့ စိတ်နှလုံးမချမ်းမသာဖြစ်နေကြပါ၍ ညွှန်ကြားလွှာ (၇၂)နှင့်အညီ ကျောင်းထိုင်ဘုန်းကြီးနှင့် ကျောင်းတိုက်ပဓာနနာယက ဆရာတော်များက မိမိတို့
တပည့် ရဟန်းသာမဏေများအား ဆုံးမသြ၀ါဒပေးနိုင်ရေး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ယခင်ထုတ်ပြန်ခဲ့ပြီးသော ညွှန်ကြားလွှာများကို ထပ်မံထုတ်ပြန်ရန်လိုအပ်ပါသဖြင့် ထပ်မံ
ထုတ်ပြန်ပေးပါရန် သာသနာရေးဝန်ကြီးဌာနက တင်ပြလျှောက်ထားလာခြင်းကြောင့် နိုင်ငံတော်
သံဃမဟာ နာယကအဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ချက်ချကာ ထပ်မံထုတ် ပြန်ရခြင်းဖြစ်ကြောင်း ညွှန်ကြား လွှာတွင် ဖော်ပြထားသည်။
::
မန္တလေးမြို့လယ် ချမ်းအေး သာစံမြို့နယ် ၃၅ လမ်းနှင့် ၂၆ လမ်းကြားတွင် မြို့နယ်သံဃ မဟာနာယက ဥက္ကဋ္ဌဆရာတော် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ပံ့ပိုးမှုများဖြင့် အကျင့်ပျက်ရဟန်း သာမဏေများအား ညတွင် ကားများဖြင့် လိုက်လံဖမ်းဆီး လျက်ရှိကြောင်း ယင်းမြို့နယ်ရှိ သာသနာတော် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (သ.ထ.ဖ) မှ ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရက မိန့် ကြားသည်။
‘‘တချို့တွေကို နောက်ဒါမျိုး မလုပ်ဖို့ ၀န်ခံကတိလက်မှတ်ထိုး ခိုင်းတယ်။ သူ့ဆရာသမားကို လည်းခေါ်ပြီး လက်မှတ်ထိုးခိုင်း တယ်။ ဆုံးမလွှတ်တယ်။ တချို့ ကိုတော့ လူဝတ်လဲပြီး ရဲစခန်း အပ်တယ်။ တို့မြို့နယ်တင်မက ဘူး။ တခြားမြို့နယ်တွေကပါ ခေါ်ပြီး ဖမ်းခိုင်းကြတယ်။
::
တခြား မြို့နယ်က သက်ဆိုင်ရာ မြို့နယ် သံဃမဟာနာယကအဖွဲ့တွေအ နေနဲ့လည်း ညပိုင်းကားတွေ ဘာ တွေနဲ့ လှည့်တာမျိုး လုပ်စေချင် တယ်’’ ဟု သ.ထ.ဖ ဥက္ကဋ္ဌ ဆရာ တော်က မိန့်ကြားသည်။
::
အဆိုပါ ညွှန်ကြားလွှာများ ကို နိုင်ငံတော် သြ၀ါဒါစရိယဆ ရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သံဃ နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) များထံ ဖြန့်ဝေပြီး ယင်းမှတစ်ဆင့် မြို့နယ်၊ ရပ်/ကျေးသံဃအဖွဲ့ များသို့ လက်ဆင့်ကမ်း ဖြန့်ဝေ သွားရန်၊ အဆိုပါ ညွှန်ကြားလွှာ များအား ရဟန်းသာမဏေများ အားလုံး သိရှိလိုက်နာနိုင်ရေး အ ဆင့်ဆင့် ကြပ်မတ်ဆောင်ရွက် သွားရန် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က ထုတ်ပြန်ထား ကြောင်း သတင်းရရှိသည်။

7day News ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment