Pages

Pages - Menu

Friday, October 17, 2014

မြိတ် အဝေးပြေးကားဝင်းအတွင်း မီးလောင်မှုဖြစ်ပွား


RangonNewsDaily:: October . 17 .2014
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်း ရပ်ကွက် အဝေးပြေးကားဝင်း ပထမ လမ်းရှိ စားသောက်ဆိုင်၌ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြိတ်မြို့ ကလွင် ကျေးရွာအုပ်စု တောရကျောင်း ရပ်ကွက် အဝေးပြေးကားဝင်း ပထမ လမ်း၌ အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် မခိုင် သဇင် မတောင်ကျေးရွာ ရွှေကျင်မြို့ နယ် ပဲခူးတိုင်းဒေသကြီးနေသူသည် စားသောက်ဆိုင် ဆိုင်ခန်းအတွင်း အိပ်ရာဘေးတွင် ခြင်ဆေးထွန်းရာမှ အိပ်ရာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ ရာ ဆိုင်ခန်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနီးရှိ ဦးဌေးလွင် အဝေးပြေးကားဝင်း တောရကျောင်း ရပ်ကွက် ကလွင်ကျေးရွာအုပ်စုနေသူ ပိုင်ဆိုင်သော တစ်ထပ်တိုက်ခန်း ဆိုင်ခန်းအမှတ် (၇) စားသောက် ဆိုင်ခေါင်မိုးအား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
::
မီးလောင်မှုဖြစ်ပွားရာသို့ မြိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေညာ မောင်ဦးစီးသော တပ်ဖွဲ့ဝင် ၂၈ဦး၊ မြိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ ဦးစီးသန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၃ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၆ဝ တို့ရောက် ရှိပြီး မီးသတ်ယာဉ် ကိုးစီး၊ ရေသယ် ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ် တွင် မီးညွန့်ကျိုး၍ နံနက် ၉ နာရီ မိနစ်၂ဝ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


မြင့်ဦး (မြိတ်)
The Mirror Daily ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment