Pages

Pages - Menu

Monday, October 13, 2014

အင်ဒိုနီးရှား၌ဆင်နာဘန်းမီးတောင် ပေါက်ကွဲ ပြည်နယ်နှစ်ခု၌ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့


RangonNewsDaily:: October . 12 .2014
အင်ဒိုနီးရှားနိုင်ငံ ဆုမတြာမြောက်ပိုင်း ပြည်နယ်ရှိ ဆင်နာဘန်းမီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ယင်းပြည်နယ် ဒီလီဆာ ဒန်းခရိုင်ရှိ ကွာလာနာမူး နိုင်ငံတကာ လေဆိပ်မှ အခြားမြို့များနှင့် အာချေပြည်နယ် တို့သို့ ပျံသန်းထွက်ခွာမည့် လေကြောင်းခရီး စဉ်များကို ဆိုင်းငံ့ထားလိုက်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဆုမတြာမြောက်ပိုင်းပြည်နယ်နှင့် အာချေ ပြည်နယ်တို့၌ လေကြောင်းခရီးစဉ် ပျံသန်းမှု များကို ရပ်ဆိုင်းထားရခြင်းသည် ယာယီမျှသာ ဖြစ်ကြောင်း၊ သို့ရာတွင် လေကြောင်းခရီးစဉ် များ ဆိုင်းငံ့ထားရသည့်ကာလ မည်မျှကြာမြင့် မည်ကို မသိနိုင်ကြောင်း ဆူစီအဲဆုမတြာ လေကြောင်းဌာန၏ ဒေသဆိုင်ရာ ညှိနှိုင်းရေး မှူး ရိုဆင်ဒါက ပြောကြားသည်။
မီးတောင်ပေါက်ကွဲမှု အရှိန်အဟုန်မှာ ပြင်းထန်နေဆဲဖြစ်သဖြင့် လေကြောင်းပျံသန်းမှု တွင် ဘေးအန္တရာယ်ရှိနိုင်ကြောင်း ၄င်းက ပြောကြားသည်။
::
လေယာဉ်ပျံသန်းရာလမ်းကြောင်းများ အတွင်း မီးတောင်မှ မှုတ်ထုတ်သော ပြာမှုန် များ လွင့်မျောနေဆဲဖြစ်သည်။
::
အဆိုပါလေကြောင်းလိုင်းအပြင် အခြား လေကြောင်းလိုင်း လေးခုကလည်း လေယာဉ် ခရီးစဉ်ပျံသန်းမှုကိုဆိုင်းငံ့ထားသည်။ စင်ကာပူ နိုင်ငံမှ ကွာလာနာမူး နိုင်ငံတကာလေဆိပ်သို့ လေကြောင်းပျံသန်းမှုကိုလည်း ဆိုင်းငံ့ထားရ ကြောင်း လေဆိပ်တာဝန်ရှိသူများကပြောကြား ကြသည်။

ရိုက်တာ။ ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment