Pages

Pages - Menu

Thursday, October 2, 2014

ကမ္ဘာ့မာရသွန်စံချိန်မှတ်တမ်းကို ကင်ညာနိုင်ငံသား ရိုက်ချိုး

ဒင်းနစ်ကမ်မီတို
RangonNewsDaily:: October . 1 .2014
ကင်ညာနိုင်ငံက ဒင်းနစ်ကမ်မီတိုက ဘာလင်မှာ ကျင်းပနေတဲ့ အပြေးပြိုင်ပွဲမှာ ၂ နာရီ ၂ မိနစ် ၅၇ စက္ကန့်နဲ့ အရင်က တင်ထားတဲ့ ကမ္ဘာ့မာရသွန်စံချိန် မှတ်တမ်းကို ချိုးလိုက်ပါတယ်။
အရင်စံချိန်က ၂ နာရီ ၃ မိနစ် ၁၃ စက္ကန့်နဲ့ ၀ီလီယံကစ်ဆန်က တင်ထားတာလည်း ဖြစ်ပါတယ်။အရမ်းခက်ခဲတဲ့ ပြိုင်ပွဲကို
အနိုင်ရတဲ့ အတွက် ကျေနပ်မိတယ်လို့ သူက ပြောပါတယ်။

အရင်နှစ်က ကမ်မီတိုဟာ တိုကျို၊ ချီကာဂိုက မာရသွန်ပြိုင်ပွဲတွေကိုလည်း အနိုင်ရရှိခဲ့ပြီး အခြေအနေ ခွင့်ပြုရင် ဘာလင်

မှာ စံချိန်ချိုးဖို့ ကတိပေးခဲ့ဖူးပါတယ်။

အသက် ၃၀ အရွယ် ကမ်မီတိုက တနိုင်ငံတည်းက အပြေးသမား အီမန်နျူရယ် မူထိုင်းကို ကျော်တက်ပြီး ၂ နာရီ ၃ မိနစ်

မတိုင်မီ မာရသွန်ကို အပြီးသတ်ပြေးနိုင်တဲ့ အပြေးသမား ဖြစ်လာပါတယ်။ မူထိုင်းကလည်း အရင်က စံချိန်ကို ချိုးထား
တဲ့သူတဦးလည်း ဖြစ်ပါတယ်။

DVB , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment