Pages

Pages - Menu

Friday, October 3, 2014

အချိန်ပိုင်းအလုပ်ခေါ်ဆိုမှုများလာ

RangonNewsDaily:: October . 3 .2014
တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများကျောင်း ပိတ်ရက်၊ အားလပ်ရက်များတွင် လုပ်ကိုင်နိုင်မည့်အချိန်ပိုင်းအ လုပ်ခေါ်ဆိုမှုများရှိလာကြောင်း သတင်းရရှိသည်။
နယ်မှလာရောက်သူကျောင်း သားအများစုသည် ရန်ကုန်မြို့ တွင် စုပေါင်း၍အဆောင်ငှားရမ်း နေထိုင်ရခြင်း၊ နေထိုင်မှုစရိတ်မြင့်မားခြင်းတို့ကြောင့် ငွေကြေးလိုအပ်ချက်ဖြည့်ဆည်းရန် ကျောင်းချိန်ပြင်ပတွင်အချိန်ပိုင်း အလုပ် များလိုအပ်နေသည်။
ကွန်ပျူတာအခြေခံတတ်ရ မည်ဖြစ်ပြီး မိုဘိုင်းဖုန်း၊အိမ်၊အင် တာနက်ကဖေးတို့တွင် တစ်နေ့လျှင် တစ်နာရီသာအလုပ်လုပ်ရမည်ဖြစ်ကာ ကျန်အစိတ်အပိုင်းများကို ကုမ္ပဏီကသင်ကြားပေး ကြောင်း အလုပ်ခေါ်နေသောနည်း ပညာပိုင်းဆိုင်ရာကုမ္ပဏီတစ်ခု ထံမှ သိရသည်။

သတင်းစာ၊ ဂျာနယ်အချို့၏ အခမဲ့ကြော်ငြာကဏ္ဍများ၌ အလုပ်အကိုင် ခေါ်ဆိုမှုများတွင် လည်း အချိန်ပိုင်းအလုပ်ခေါ်ဆိုမှု များရှိလာသည်။


တစ်နေ့လျှင် တစ်နာရီလုပ် ရသည်ဆိုသည့်အလုပ်မှာ အင် တာနက်၊ ၀က်ဘ်ဆိုက်များတွင် ကုမ္ပဏီက တာဝန်ပေးထားသော ကုမ္ပဏီအမည်နှင့်ကြော်ငြာများ တွင် Likeလုပ်ပေးရသည့်အလုပ် မျိုးလည်းပါဝင်ကြောင်းစုံစမ်း သိရသည်။


‘‘အိမ်ကလုပ်လည်းရတယ်။ တယ်လီဖုန်းနဲ့ပြောရတာလည်းရှိ တယ်။ အွန်လိုင်းကနေ ၀က်ဘ် ဆိုက်ထဲဝင်ပြီး Likeလုပ်ပေးရ တယ်’’ဟု ယင်းကုမ္ပဏီနှင့်ဆွေး နွေးဖူးသူတစ်ဦးကရှင်းပြသည်။


ရန်ကုန်မြို့တွင်အဆောင်ငှားရမ်းခကျပ်နှစ်သောင်းခွဲခန့်ရှိပြီး တစ်လလျှင်စားစရိတ်အပါအ၀င် ငွေကျပ်တစ်သိန်းခွဲဝန်းကျင် ကုန်ကျကြောင်း နယ်ကျောင်းသားများထံမှသိရသည်။


အရောင်းဈေးကွက်မြှင့်တင် ရေး၊ ကားမောင်း၊ကွန်ပျုတာစာစီ စာရိုက်၊စာရင်းကိုင်၊ ဘာသာပြန်၊ စာသင်ဆရာ၊ စားသောက်ဆိုင် စားပွဲထိုး၊ ဖုန်းအရောင်းဆိုင်များ၊ အချိန်ပိုင်းဒီဇိုင်းLayoutချခြင်းနှင့် အချိန်ပိုင်းစာစီစာရိုက်ခြင်းအစရှိသဖြင့် မိမိကျွမ်းကျင်ရာအသက်မွေးဝမ်းကျောင်းများဖြင့် လာ ရောက်လျှောက်ထားပါက ပိုမိုအ ဆင်ပြေနိုင်ကြောင်းThe Golden Free အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာကိုကျော်ဇေယျာဦးကဆိုသည်။


တစ်နာရီလုပ်အားခ ရှစ်ရာ ကျပ်မှ လုပ်ငန်းကျွမ်းကျင်မှုနယ် ပယ်အလိုက် တစ်နာရီကျပ်နှစ် သောင်းခွဲအထိ လုပ်အားခရရှိကြ သူများရှိကြောင်း ၎င်းကရှင်းပြသည်။ နိုင်ငံရပ်ခြားတွင် အချိန်ပိုင်းအလုပ်များစွာရှိပြီး ကျောင်းသား များမှာ ကျောင်းချိန်ပြီးသည်နှင့် လုပ်ငန်းခွင်သို့ ၀င်ကြသည်။ ငွေကြေးတတ်နိုင်သူများရှိသော်လည်း အလုပ်၏ တန်ဖိုးသိစေရန်မှာအချိန်ပိုင်းအလုပ်က များစွာအ ထောက်အကူပြုသည်။


by 7day , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment